Monday, 10 December 2012
ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမယ့် “ချစ်သူ များ အစည်းအရုံး” ဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်က လည်းပါဝင် သရုပ်
ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားက နာမည်ကြီးအနု ပညာရှင်များစွာ ပါဝင် သရုပ်ဆောင်မှာဖြစ်တဲ့အတွက် ဘယ်လို ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားလဲဆို တာကို ဝတ်မှုံရွှေရည်က “ဒီကားလေးက အပျော် သဘော ကားလေးဆိုတော့ ပြင်ဆင်ရတာ ပေါ့ပေါ့ပါးပါးပဲ။
အနုပညာ မောင်နှမများစွာနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် ပျော်ပါ တယ်။ အကုန်လုံး စည်းစည်းလုံးလုံး ရိုက်ကြမှာ ဖြစ်တဲ့ အတွက် ပျော် စရာကောင်းမှာပါ” လို့ ပြောတဲ့ ဝတ်မှုံရွှေရည်က ဒီကားကြီးကို ကန်တော့ ပွဲပေး အခမ်းအနား မှာ ရုပ်ရှင်ကားကြီးကို ရိုက်ကူးမယ့် ကင်မရာကို ကန်တော့ဖြစ်သွားရခြင်း အကြောင်းကို မေးကြည့်တော့ “ဝတ်မှုံက အစောင့်အရှောက်တွေကို အဲဒီလိုမျိုး ကန်တော့လိုက် တာပါ။ ရုပ်ရှင်ကား ရိုက် တော့မယ်ဆိုရင် တစ်ခါတလေတော့ ကန်တော့ဖြစ်ပါတယ်။
ကင်မရာက ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုရိုက်ကူး တာပဲဖြစ်ဖြစ် အရေးကြီး ပါတယ်။ ကင်မရာ ရုပ်ထွက်က အရေးကြီးတယ်လို့ ထင်တယ်။ အဓိက ကတော့ ရုပ်ရှင်တစ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရော၊ အကုန်လုံး အရေးကြီးပါတယ်” လို့ ပြောပါတယ်။ “ဗီဒီယိုရိုက်တာနဲ့ ရုပ်ရှင်ရိုက်တာ ကွာခြားချက်က ရုပ်ရှင်ကျတော့ ချိန်ဆရတာများတယ်။ ဖလင်က အမှားမှ မခံတာ။ နောက်ကြာမှ ရုံတင်မယ့် ကားတွေဆိုတော့ အနုပညာရှင်တွေ ဘက်က ချိန်ရတယ်။ ကြာမှရုံတင်တဲ့အတွက် ပရိသတ်ကြိုက်ပြီး ခေတ် စားမယ့် ပုံစံလေး တွေကိုတော့ အကုန်လုံး သတိထားရတယ်။ ရုပ်ရှင် ကကိုယ့် အတွက် တာဝန်ပိုကြီးပါတယ်”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။ အကယ်ဒမီ ပေးပွဲအတွက် အဝတ်အစားကတော့ သေချာ မပြင်ဆင် ရသေးကြောင်း၊ ဒီနှစ်က ရန်ကုန် မှာပြုလုပ်တဲ့ အကယ်ဒမီပေးပွဲကို သူ့အနေ နဲ့ ပထမဦးဆုံး တက်ရောက်မှာဖြစ်ကြောင်း ဝတ်မှုံရွှေရည် ကပြောပါ တယ်။
တွယ်တာ
Popular Journal

0 comments:
Post a Comment