Pages

Monday, December 10, 2012

ပျူရှေးဟောင်းမြို့ ၃ မြို့၏ စီမံခန့်ခွဲရေး အစီအစဉ် အစည်းအဝေးကို ၄ရက်ကြာ ပြုလုပ်ခဲ့



Monday, 10 December 2012

ပျူမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက် ပျူရှေးဟောင်းမြို့ရဲ့ စီမံခန့်ခွဲရေး အစီအစဉ်ကို သုံးသပ် ဆေ
ွးနွေးတဲ့ အစည်းအဝေးကိုဒီဇင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ၄ ရက်ကြာ ရန်ကုန်မြို့ ပြည်လမ်းရှိ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ရန်ကုန် ဌာနခွဲမှာ ပြုလုပ်ခဲ့ ပါတယ်။

အဆိုပါ အစည်းအဝေး မှာတော့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်တဲ့ ဟန်လင်း မြို့ဟောင်း၊ ဗိဿနိုး မြို့ဟောင်းနဲ့ သရေခေတ္တရာ မြို့ဟောင်းစတဲ့ ပျူမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းတဲ့ ပုံစံ မူကြမ်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဌာနကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပေးပို့ပြီး အဆိုပါ မူကြမ်း အပေါ်ကို ယူနက်စကိုမှ ပြန်လည် ပေးပို့ လာတဲ့ အကြံပြုချက် များကို ၀ိုင်းဝန်း ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးရာ မှာလည်း ပြည်ပမှ ပညာရှင်များနဲ့ ပြည်တွင်းမှ သက်ဆိုင်ရာ ပညာရှင်များက ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်တဲ့ အစည်းအဝေး ကိုတော့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနနဲ့ ယူနက်စကို တို့မှ ပူးပေါင်းပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4
4

0 comments:

Post a Comment