Pages

Sunday, December 2, 2012

သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လေ့ကျင့်မှု အမေရိကန်နှင့် တရုတ် ပူးတွဲပြုလုပ်



Sunday, 02 December 2012

ပစိဖိတ်ဒေသတွင်အရေးပါသည့်အခန်းကဏ္ဍအဖြစ်ဆက်လက်လုပ်
ဆောင်နေသော အမေရိကန်နှင့် စစ်ရေး စွမ်းအင်များကို ကမ္ဘာ့အဆင့်မီရန် ကြိုးပမ်းလျက်ရှိသော တရုတ
်နိုင်ငံတို့ မှတပ်ဖွဲ့ဝင်များသည်
သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုကို နိုဝင်ဘာ
၃ဝ ရက်က ကျင်းပခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့နှင့် ပင်လယ်ရေပိုင် နက်နယ်မြေကိစ္စနှင့် အငြင်းပွားနေမှု များမြင့်တက်နေသည့် ကြားမှပင်
နှစ်နိုင်ငံ ကြားနီးကပ်စွာ ဆက်ဆံရေးများဖော် ဆောင်မှုအဖြစ် အဆိုပါ
လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။

၎င်းလေ့ကျင့်မှုကို ချန်ဒူးမြို့ပြင်ရှိ တရုတ်စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတွင် ကျင်းပခဲ့ပြီး နှစ်နိုင်ငံလုံးမှ အတူတကွပူးပေါင်း၍ တပ်ဖွဲ့ဝင်များက ကွန်ပျူတာဖြင့်သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုများကို ဖန်တီး လေ့ကျင့် ခဲ့ကြသည်။ လေ့ကျင့်မှုကာလမှာ နှစ်ရက်ကြာမြင့်ခဲ့ပြီ ယခုကဲ့သို့ ပူးတွဲလေ့ကျင့် မှုသည် အမေရိကန်နှင့် တရုတ်နှစ် နိုင်ငံတပ်ဖွဲ့ဝင်များ အကြား အလွန်အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ကို ပြသခဲ့ခြင်းဖြစ် သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးတန်ဖန်း ကပြောကြား သည်။

သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး ဆိုင်ရာလေ့ကျင့်မှုနှင့် ပတ်သက်၍နိုင်ငံ တကာမှ အကူအညီတောင်းခံခဲ့လျှင် အကူအညီပေးမည်ဖြစ်ကြောင်း၊ တရုတ် နှင့်အမေရိကန်နိုင်ငံတို့သည်နိုင်ငံတကာ မှ သဘာဝဘေး အန္တရာယ်နှင့် ကြုံကြိုက်၍ အကူအညီ တောင်းခံလာပါက အကူအညီပေး မည်ဖြစ်ကြောင်း အမေရိကန် ဗိုလ်ချုပ်စတီဗင်လိုင်ယွန်က ပြောကြားခဲ့သည်။ အမေရိကန် ဦးဆောင်သောစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံပါ ဝင်ခဲ့ခြင်းအပေါ် အမေရိကန် ရေတပ်ဆိုင်ရာ အမှုဆောင် အရာရှိချုပ် ရေးမာဘတ်စ်က ကြိုဆိုခဲ့ ကြောင်း သိရသည်။

မြ၀တီ
3

0 comments:

Post a Comment