Sunday, 02 December 2012
အိမ်ရှင် ဗီယက်နမ်နှင့် ယှဉ်ပြိုင် ကစားခဲ့သည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် အဖွင့်ပွဲတွင် မြန်မာအသင်
းက (၁-၂)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ မြန်မာအသင်း အတွက် ဂိုးများကို ခင်နွေးနွေးရွှေနှင့် ၀င်းသိင်္ဂီထွန်း တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အာဆီယံ ချန်ပီယံရှစ်တွင် ဒုတိယဆုရရှိခဲ့သည့် အသင်းမှ တိုက်စစ်မှူး
မေသူကျော် တစ်ဦးတည်းသာ ပြန်လည် ပါဝင်လာခဲ့သည့် မြန်မာ ယူ-၁၉ အသင်းသည် ပွဲချိန်အတွင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဗီယက်နမ် အပေါ် အနိုင်ကစား နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်း ခံစစ်ကြောင်းသည် ဗီယက်နမ် တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ သောကြောင့် ဗီယက်နမ်တို့ ဂိုးရရှိရေး ခက်ခဲနေခဲ့သည်။
ပွဲချိန် မိနစ်(၄၀)တွင်မူ မြန်မာအသင်း အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါ ဂိုးကို
မေသူကျော်၏ ပေးပို့မှုမှ ခင်နွေးနွေးရွှေက အပြင်းကန်သွင်း ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဖွင့်ပွဲတွင် မရှုံးနိမ့်စေရေး အတွက် ပြန်လည် အားစိုက်လာသည့် ဗီယက်နမ်သည် ပွဲချိန် (၅၂)မိနစ်တွင် ခြေပဂိုး ရရှိခဲ့ပြီး ထိုဂိုးကို နောက်ခံလူ မိုင်အန်းက ဧရိယာအတွင်း အပြင်းကန်သွင်း ခဲ့ခြင်း ဖြစ်သည်။
ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် ဗီယက်နမ်တို့ ပြန်လည် အားတက်လာပြီး မြန်မာကို အနိုင်ဂိုး သွင်းယူနိုင်ရေး အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း တစ်ကယ်တမ်း ဂိုးရရှိခဲ့သည်မှာ မြန်မာအသင်းပင်
ဖြစ်သည်။
မြန်မာအသင်း ကွင်းလယ်လူ ၀င်းသိင်္ဂီထွန်းက တန်ပြန်တိုက်စစ်မှ ရရှိခဲ့သည့် ထောင့်ကန်ဘောမှ အပိုင်ခေါင်းတိုက် သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် အဖွင့်ပွဲတွင် အနိုင်(၃)မှတ်ကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ပြီး နောက်တစ်ဆင့် အတွက် မျှော်လင့်ချက် အားကောင်းလာ ခဲ့သည်။ မြန်မာ အသင်းသည် ဒီဇင်ဘာ (၃)ရက်တွင် တရုတ်(တိုင်ပေ) အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
မြန်မာအသင်း၏ ပွဲစဉ်များ
၁ ဒီဇင်ဘာ မြန်မာ - ဗီယက်နမ်
၃ ဒီဇင်ဘာ မြန်မာ - တရုတ်(တိုင်ပေ)
၅ ဒီဇင်ဘာ မြန်မာ - အိန္ဒိယ
Soccer Myanmar

0 comments:
Post a Comment