Pages

Tuesday, December 18, 2012

အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ )ပြည်တွင်းခရီးစဉ် သတင်းစာရှင်းလင်းပွဲပြုလုပ်




ရန်ကုန် ဒီဇင်ဘာ ၁၈ ရက်

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ )မှ ကိုယ်စားလှယ်အဖွဲ့သည် ပထမဆုံးအကြိမ် ပြည်တွင်းခရီးစဉ် အဖြစ်ရန်ကုန်မြို့သို့ ရက်သတ္တပတ် တစ်ပတ်ကြာလာရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ရာတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မြန်မာငြိမ်းချမ်းရေးစင်တာအပါအ၀င်၊နိုင်ငံရေး ပါတီအဖွဲ့ အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊အမျိုးသမီးလွှတ်တော်အမတ်များ၊အမျိုးသမီးခေါင်းဆောင်များ၊အခြားသော အမျိုးသမီးအဖွဲ့အစည်းများနှင့် အသီးသီးတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များအပေါ်အမြင် သဘောထားများ၊ရပ်တည်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ )သည် ပြည်ပတွင်ရောက်ရှိနေသော အမျိုးသမီးအဖွဲ့တွေနှင့် တိုင်းရင်းသူအဖွဲ့အစည်းများ စုပေါင်းပြီး ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ( ၁၃)ဖွဲ့ ပါဝင်ကြောင်းသိရသည်။ ၁၉၉၉ ခုနှစ် စတင်ဖွဲ့စည်းခဲ့သော ယင်းအဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး၊ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး၊အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးစသည့်လုပ်ငန်းစဉ်များကို အဓိက လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

မြတ်စုငြိမ်း
4

0 comments:

Post a Comment