Pages

Saturday, December 8, 2012

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ



Saturday, 08 December 2012

အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီး တစ်ခုကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်း
ထားပါတယ်။

တရုတ်ပြည်မှာ တည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်က
အကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက် သုံးဆလောက်များပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံရဲ့  လျှပ်စစ် စွမ်းအင်လိုအပ်ချက် ၆ ရာခိုင်နှုန်းစားကို ထုတ်လုပ် ပေးနေပါတယ်။ သက္ကရာဇ် ၂၀၂၀ အရောက်မှာတော့ ၁၆ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် တိုးချဲ့ လျက် ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ၁၀၀၀ မီဂါဝပ်
အား ထုတ်လုပ်နိုင်အောင် တိုးချဲ့ တည်ဆောက်လျက် ရှိပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံရှိ Gujarat Solar Park ဟာ ကမ္ဘာ့အကြီးဆုံး ဆိုလာ ပန်းခြံ တစ်ခုအဖြစ် ၂၀၁၃ မှာ ပြိုင်ဘက်မရှိ မှတ်တမ်းတင်တော့မှာ ဖြစ် တယ်လို့ သိရပါတယ်။
--
Ref: tech-art
International news for myanmar
22

0 comments:

Post a Comment