Pages

Saturday, December 8, 2012

အရည်အသွေးနိမ့် ကျောက်စိမ်းသား များကို မြန်မာငွေဖြင့် ရောင်းမည်



Saturday, 08 December 2012

ရုပ်တုနှင့် အလှဆင် ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသော အရည်အသွေးနိမ့် ကျောက်စိမ်း အသားကျောက် များကို နေပြည်တော်ရှိ မဏိရတနာ ခန်းမ၌ ဒီဇင်ဘာလ ၉ ရက်နေ့မ
ှ ၁၃ ရက်နေ့ အထိ ကျင်းပမည့် ကျောက်မျက် ပြပွဲတွင် ပြသ ရောင်းချ သွားမည်ဖြစ်ကြောင်း အရောင်းပြခန်း တာဝန်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲထွဋ်က
ပြောကြားသည်။ အဆင့်နိမ့် ကျေက်များကို မြန်မာနိုင်ငံသား များအတွက်
ရောင်းချခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြသရောင်းချမည့် ကျောက်စိမ်းအတွဲ အရေအတွက် မသိရှိရ သေးကြောင်းနှင့် တင်ဒါ ကို ချက်ချင်း တင်ပြီး ချက်ချင်းဖောက် စနစ် ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အရည်အသွေးနိမ့် ကျောက်စိမ်း ရောင်းချမည့်ပွဲတွင် နိုင်ငံခြား ငွေဖြင့် ကျောက်မျက်ရတနာများ နှင့်ပုလဲများကိုပါ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းရိုင်းများ တူးဖော်ရာတွင် အရည်ကျောက် အဆင့်မြင့် အသားကျောက် များ နှင့် အဆင့်နိမ့် ကျောက်များလည်း ထွက်ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ် ထံ မှ စုံစမ်း သိရှိရသည်။

The Voice Weekly
6

0 comments:

Post a Comment