Pages

Sunday, December 9, 2012

ရတနာပုံသင်္ဘောကျင်းအား ပူးပေါင်းလုပ်ကိုင်ရန် အဆိုပြုလွှာ ခေါ်ယူထား



Sunday, 09 December 2012

ရတနာပုံသင်္ဘောကျင်း (မန္တလေး) ကို Management Contract စနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် အဆိုပြုလွှာများ ခေါ်ယူထားကြောင်း သင်္ဘောကျင်း တာဝန်ရှိသူတစ်ဦး၏ ပြော
ကားချက်အရ သိရသည်။

အဆိုပြုလွှာများကို ဒီဇင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ခေါ်ယူခဲ့ခြင်း
ဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲတို့ လုပ်ငန်းများအပါအ၀င် သင်္ဘောကျင်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန်
ခေါ်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

'' ဧရာဝတီဌာနခွဲနဲ့ ဆက်စပ်တဲ့ သင်္ဘောကျင်းဆိုတော့ ကျွန်တော်တို့ ရတနာပုံသင်္ဘောကျင်း (မန္တလေး) လည်း ပါပါတယ်။ မနှစ်က ဘတ်ဂျက် သိန်း ၅၀၀ ကျော်ရတော့ ပုဂ္ဂလိက မလွှဲသေးဘူးလို့ သိရတယ်။ ဒီနှစ်တော့ တင်ဒါတွေခေါ်ယူပြီး အမြန်ဆုံးလုပ်ကိုင်သွားဖို့ ဆန္ဒရှိပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ မတ်လမှာ စတင်ဖြစ်လောက်မယ် ထင်ပါတယ်။ မန္တလေးက ပုဂ္ဂလိကရေယာဉ်ပြေးဆွဲနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း စိတ်ဝင်စားမှုရှိလို့ တင်ဒါလျှောက်ကြတာလည်း ရှိတယ်'' ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပြည်တွင်းရေကြောင်း ဧရာဝတီဌာနခွဲနှင့် ဆက်စပ်သည့် သင်္ဘောကျင်းများ၊ ရန်ကုန်မြစ်ကျွန်းပေါ် ဌာနခွဲများကို ပူးပေါင်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။

Eleven Media Group
5

0 comments:

Post a Comment