Pages

Sunday, December 9, 2012

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် သဘောတူညီချက် ၂၇ ချက်ရရှိခဲ့



Sunday, 09 December 2012

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆေ
ာင်ရေး ကော်မတီနှင့် ချင်းအမျိုးသားတပ်ဦး
တို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသည် ဒီဇင်ဘာလ ၉ ရက်နေ့
နေ့လည်ပိုင်းတွင် ပြီးဆုံးခဲ့ပြီး သဘောတူညီချက် ၂၇ ချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု တိုင်းရင်းသားများအရေး၊ ချင်းပြည်နယ်နှင့် သက်ဆိုင်သော အရေးကိစ္စများ အပါအ၀င် အထွေထွေလူမှုရေးကိစ္စရပ် ၃၁ ချက်ကို ချင်းအမျိုးသားတပ်ဦးမှ အဆိုပြု ဆွေးနွေးခဲ့ရာ ၂၇ ချက်အား သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

စစ်တပ်နေရာချထားမှုနှင့် ပတ်သက်သည့် ဆွေးနွေးရန် ကျန်ရှိနေသေးသော အချက်လေးချက်အား မှတ်တမ်းပြု၍ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်
သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

“ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများအရေး၊ ပင်လုံကဲ့သို့သော တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်။ ချင်းပြည်နယ် ရဲ့စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များ အပါအ၀င် ပညာရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုများကို
ပြုလုပ်ခဲ့တယ်။ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ဒီမှာဆွေးနွေးခဲ့တဲ့ တောင်းဆိုချက်၊ သဘောတူညီချက်တွေကို နိုင်ငံတော်
အဆင့်ကနေ အစိုးရအဆင့်ကို တင်ပြဖို့ ကတိပြုခဲ့တယ်။ ကျန်ရှိနေသေးတဲ့ အချက်တွေက သဘောတူညီချက် မရတာတော့ မဟုတ်ပါဘူး။
နောင်လာမယ့် တွေ့ဆုံဆွေးနွေးမှုတွေမှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီခဲ့ပါတယ်” အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

သဘောတူညီမှုရရှိ၍ လက်မှတ်ရေးထိုးခဲ့သော အချက်များတွင် ချင်းပြည်နယ်တွင် ချင်းဘာသာစာပေ သင်ကြားခွင့်ရရှိရေး၊ ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်ဆိုင်သော ကိစ္စရပ်များ၊ ချင်းပြည်နယ်တွင် နိုင်ငံတကာအဆင့်မှီလေဆိပ် တည်ဆောက်နိုင်ရေး အပါအ၀င် စီးပွားရေးကိစ္စရပ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ချင်းအမျိုးသားတပ်ဦးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Eleven Media Group
4

0 comments:

Post a Comment