Saturday, 08 December 2012
အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယား နိုင်ငံမှ ဒုံးပျံ လွှတ်တင်မှု မတိုင်မီ အနီးကပ် စောင့်ကြည့် ရန် အတွ
က် ဒုံးကျည် ကာကွယ်ရေး စနစ်
တပ်ဆင်ထားသော ရေတပ် သင်္ဘောများကို တပ်ဖြန့် ထားကြောင်း အမေရိကန် စစ်ဌာနချုပ်မှ အကြီးအကဲ တစ်ဦး က ပြောကြားခဲ့သည်။
ဒုံးပျံ လွှတ်တင်မည့် ဒေသ အတွင်းသို့ ပဲ့ထိန်း ဒုံးကျည်တင် ဖျက်သင်္ဘော
နှစ်စင်းဖြစ်သည့် USS Benfold နှင့် USS Fitzgerald တို့ကို အမေရိကန် ရေတပ်မှ စေလွှတ်ခဲ့ကြောင်း CNN သတင်းဌာနမှ သတင်း ထုတ်ပြန်ခဲ့ သည်။ ၎င်း သင်္ဘောများ သည် မြောက်ကိုရီးယား က ပစ်လွှတ်မည့် ဒုံးပျံကို ရှာဖွေနိုင်ပြီး လိုအပ်ပါက ကာကွယ် နိုင်စွမ်း ရှိသည်ဟု ရေတပ် ဗိုလ်ချုပ်ကြီး ဆမ်မြူရယ်လ် လော့ခ်လီယာက ပင်တဂွန်စစ် ဌာနချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော စည်းမျဉ်း ဥပဒေ များကို ချိုးဖောက် ခဲ့ပါက အမေရိကန် ရေတပ် သင်္ဘောများကို စေလွှတ်မည် ဖြစ်ကြောင်း
လော့ခ်လီယာက ပြောကြား ခဲ့သည်။
မြောက်ကိုရီးယား အစိုးရသည် ယခုလ ၁ဝ ရက်နှင့် ၂၂ ရက်ကြားတွင် ၎င်းတို့၏ ဒုတိယ အကြိမ်မြောက် တာဝေးပစ် ဒုံးပျံကို လွှတ်တင်မည်
ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဆိုပါ လွှတ် တင်မှုသည် ပတ်လမ်း အတွင်းသို့ ကမ္ဘာမြေပြင် လေ့လာ စောင့်ကြည့်ရေး ဂြိုဟ်တု တစ်စင်းအား လွှတ်တင်ရန် ရည်ရွယ်ေ ကြာင်း ထပ်လောင်း
ပြောကြားခဲ့သည်။
မြ၀တီ

0 comments:
Post a Comment