Thursday, December 06, 2012
မည်သည့်အခါမျှ ရုပ်ရှင်ရုံကို သွားရောက်စရာ မလိုတော့ပါဟု
ကြွေးကြော်လျက် LG ၏ ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် ဧရာမ Ultra HD TV ကြီးကို ဗြိတိန်တွင် စတင်မိတ်ဆက် ရောင်း
ချနေပြီဖြစ်သည်။
သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမိုကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။
အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားများနှင့် TV အစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen တွင် ပုံမှန် TV အစီအစဉ်ထုတ်လွှင့်မှုများကို 3D အဖြစ် ပြောင်းလဲကြည့်ရှုနိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။
ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန်တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ကစားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Planet Myanmar Network

0 comments:
Post a Comment