Pages

Sunday, December 9, 2012

Mask တပ်ခြင်းကို Style အဖြစ် အသုံးပြုလာသည့် ဂျပန်အမျိုးသမီးများ



Sunday, December 09, 2012

ဂျပန်နိုင်ငံမှ အမျိုးသမီးများသည် ယခုအခါ Mask တပ်ဆင်ခြင်းကို ကျန်းမာရေးအရ သော်လည်းကောင်း၊ Style အဖြစ်လည်းကောင်း လုပ်ဆောင်လာ လျက်ရှိနေကြောင်း သိရသည်။

လတ်တလောတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လမ်းများပေါ်တွင် Mask တပ်၍ သွားလာလှုပ်ရှားနေသော အမျိုး သမီးအများစုကို တွေ့နိုင်သည်။
အချို့က ကျန်းမာရေး မကောင်း၍ မိမိ၏ရောဂါပိုး တခြားသူထံသို့ မကူးစက်စေရန်၊ အချို့က ဓာတ်မတည့်သည့် ရောဂါရှိ၍၊ အချို့က
မနှစ်မြို့ ဖွယ်ကောင်းသော ရောဂါပိုးမွှားများ ကူးမည်စိုး၍ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် Mask များကို တပ်ထားကြသည်။

သို့သော် ဂျပန်နိုင်ငံရှိ သုတေသန ပညာရှင်များ၏ နောက်ဆုံးလေ့လာမှု
အရ Mask တပ်ဆင်ထားကြသည့် အမျိုးသား၊ အမျိုးသမီးများသည် မည်သည့်ရောဂါပိုးမွှား အန္တရာယ်မှ မရှိဘဲ တပ်ဆင်ထားကြခြင်း
ဖြစ်ကြောင်း တွေ့ ခဲ့ကြသည်။

၎င်းတို့သည် Mask တပ်ဆင်ခြင်းကို ဖက်ရှင်အဖြစ် ယူဆ၍ တပ်ဆင် နေကြခြင်း ဖြစ်ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ အထက်တန်း ကျောင်းသူ အများစုကို Mask တပ်ဆင်ရခြင်း၏ အကြောင်း အရင်းအား မေးမြန်းခဲ့ရာ အခြား ကျောင်းသူများက ၎င်းတို့၏ မျက်နှာပေါ်မှ ခံစားချက် များကို မသိရှိစေရန်ဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း
ယေဘုယျအားဖြင့် ဂျပန်အမျိုးသမီးများ Mask တပ်ဆင်ရခြင်း၏ အကြောင်းအရင်းမှာ ပို၍ဆွဲ ဆောင်မှု ရှိသည်ဟူသော အယူအဆအပြင် မိမိ၏ ရင်တွင်း ခံစားချက်အား တစ်ပါးသူ မသိရှိစေရန် ဖုံးကွယ်လို၍
ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment