Pages

Sunday, December 9, 2012

ထားဝယ် စီးပွားရေး ဇုံ ကိစ္စ ထိုင်း-မြန်မာ ဆွေးနွေးမယ်



Sunday, December 09, 2012

ထိုင်း- မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေဟာ ထားဝယ် အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စနဲ့ ပတ် သက်ပြီး လာမယ့် သောကြာနေ့မှာ ဆွေးနွေးဖို့ ရှိတယ်လို့ ထိုင်းနို
်င်ငံ ပို့ဆောင်ရေး ၀န်ကြီး Chadchat Sitttipunt က ပြောလိုက်ပါတယ်။

အဆိုပါဆွေးနွေးပွဲဟာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ်ရှင်နာဝပ်နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့အတွက် သတင်းအချက်အလက် ကြိုတင်ပြင်ဆင်ဖို့ ဦးတည်လုပ်မှာဖြစ်ပြီး အဆိုပါ နိုင်ငံခေါင်းဆောင် ၂ ဦးဟာ လည်း မကြာခင် ဖွံ့ဖြိုးရေး ကိစ္စ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

အဆိုပါ ခေါင်းဆောင် ၂ ဦးလာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ
တွေ့ဆုံဆွေးနွေးဖို့ အစောပိုင်းက အစီအစဉ်ဆွဲခဲ့ကြ ပေမယ့်
မြန်မာအစိုးရက သောကြာနေ့က ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လိုက် တယ်လို့ မြန်မာ အစိုးရ သတင်းရင်းမြစ် တခုက ပြောတာကို ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံနဲ့ နယူးဇီလံ ၂ နိုင်ငံကို သွားမယ့် ချစ်ကြည်ရေး ခရီးစဉ်ကို လည်း ရွှေ့ဆိုင်းလိုက် ပါသေးတယ်။

မစ္စတာ Chadchat က ပြောရာမှာ ဆပ်ကော်မတီ ၆ ခုကို ထားဝယ်
စီမံကိန်းနဲ့ပတ်သက်ပြီးပြီး ကဏ္ဍ ၆ ခုအတွက် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊
အဆိုပါ ဆပ်မကော်မတီတွေကတော့ ထုတ်လုပ်ရေး၊ အခြေခံ အေ ဆာက် အအုံ၊ ဘဏ္ဍာရေး ၀န်ဆောင်မှု၊ စွမ်း အင် ဖွံ့ဖြိုးရေး၊ ဥပဒေ၊ နည်းဥပဒေ
ဆိုင်ရာကိစ္စ၊ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
ဖြစ်တယ်လို့ သိရပါတယ်။

သူက ဆက်လက်ပြောကြားရမှာ စီမံကိန်းနဲ့ပတ်သက်လို့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ လာ မယ့် ဖေဖော်ဝါရီ လ လောက် မှာ ပြီးဆီးမယ်လို့ မျှော်လင့်ထားတာဖြစ်ပြီး ထားဝယ် စီမံကိန်းဟာ ၂ နိုင်ငံ အစိုးရများရဲ့ ကျောထောက်နောက်ခံ မပါဘဲနဲ့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

ဒီစီမံကိန်းကတဆင့် ဒေသတွင်းက အခြားနိုင်ငံတွေနဲ့ အကျိုးတူစီးပွားဘက် ပုံဖော်ခဲ့တာဖြစ်ပြီး မြန်မာနဲ့ ရှည်လျားတဲ့ နယ် စပ် ထိစပ်ရှိတာကြောင့် ထိုင်းအစိုးရကိုလည်း တွန်းအားပေးဖို့ မဖြစ်မနေ ပေါ်ပေါက်ခဲ့ တာဖြစ်ပါတယ်လို့ သူက ဆက်ပြော ထားပါတယ်။

အီတာလျံ- ထိုင်း ဖွံ့ဖြိုရေး ကုမ္ပဏီကိုလည်း ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ပိုင်ခွင့်တွေလည်း အာမံခံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ Chadchat က ပြောရာမှာ အစိုးရဟာ ဒီစီမံကိန်းကြီးမှာ အဓိကကဏ္ဍမှာ ရှိပြီး စီမံကိန်းရင်းနှီးမြှုပ်နှံ မှု မှာ တခုတည်းသော ပုဂ္ဂလိက ကုမ္ပဏီကြီးတခုအတွက်ဆိုရင် အလွန်ကြီးမားတယ်လို့ ဆိုပါတယ်။

ဧရာဝတီ
4

0 comments:

Post a Comment