Thursday, January 03, 2013
ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ် သောင်ကြီး ကျေးရွာ အခြေခံ ပညာ အလယ်တန်း ကျောင်း (ခွဲ) ၏ ပထမ အကြိမ် အာစရိယ ပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်း အနားကို ဒီဇင်ဘာ၂၉ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ကျင်းပသည်။
အခမ်း အနားတွင် ညောင်လေးပင် မြို့နယ် ခေတ္တ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်နောင်ဦး၊ မြို့နယ် ပညာရေး မှူး ဒေါ်နော်ချစ်မေ၊ ကျောင်းသားဟောင်းများ ဖြစ်ကြသော ဗိုလ်ကြီး ခင်ဝင်း (ငြိမ်း)၊ ဦးမြင့်ဝေ၊ ဦးကျော်ဝနှင့် ကျောင်း အကျိုးတော်ဆောင် ဦးဝင်းအောင်တို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီး များအား ကျောင်းသား၊ ကျောင်းသူ များက လှူဖွယ် ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြသည်။
ထို့နောက် ၂ဝ၁၁- ၂ဝ၁၂ ပညာသင် နှစ်တွင် ဆုရရှိ ကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ် ဆရာကြီး ဦးသန်းထိုက်နှင့် တာဝန်ရှိသူ များက ဆုများ ပေးအပ် ချီးမြှင့်သည်။ အဆိုပါ သောင်ကြီး ကျေးရွာ အခြေခံ ပညာ အလယ်တန်း ကျောင်း (ခွဲ) ပထမ အကြိမ် အာစရိယ ပူဇော်ပွဲကို စဉ်ဆက်မပြတ် ဖြစ်မြောက်ရေး အတွက် ရန်ကုန်မြို့နေ ကျောင်းသားဟောင်း ဗိုလ်ကြီး ခင်ဝင်း (ငြိမ်း) က ယခုနှစ်မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment