Thursday, January 10, 2013
အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်
သက်သာခွင့် ရရှိနိုင်စေရန်အတွက် အသုံးပြုသော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ ထုတ်ပေးလျက်ရှိရာ လက်တွေ့အသုံးပြုမှုနည်းပါးနေ၍ တင်ပို့သူကိုယ်တိုင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ထုတ်ပေးသည့်စနစ် (Self-Certification) အား ပြောင်းလဲဆောင်ရွက်
သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမ
တင်ပို့သူကိုယ်တိုင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ထုတ်ပေးသည့်စနစ် (Self-Certification scheme) ကို ပြောင်းလဲဆောင်ရွက်ရန် စီစဉ်ရခြင်းမှာ ကုန်ကျစရိတ်များ လျော့ကျစေရန်၊ တင်ပို့ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လျင်မြန်မှုရှိရန်၊ ရိုးရှင်းမှုရှိရန်နှင့် အကောက်ခွန်သက်သာခွင့် ရရန်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် သုံးစွဲမှုမြင့်မားစေရန်၊ လူနှင့်အခြားပစ္စည်း လိုအပ်ချက်များ လျော့ကျစေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်တိုင်တာဝန်ခံ၍ ပင်ရင်းဒေသစည်းမျဉ်းနှင့် ကိုက်ညီသော
ပစ္စည်းဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခြင်းအစီအစဉ်၏
ရှေ့ပြေးစီမံကိန်း (Self-Certification System Pilot Project) တွင် မြန်မာနိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ
တွေ့ဆုံညှိနှိုင်းခြင်းကို ဇန်န၀ါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ ထုတ်ပေးရာ၌
Exporter ၏ တင်ပြချက်အရ အာဏာပိုင်အဖွဲ့က မတင်ပို့မီ စစ်ဆေး၍
ထုတ်ပေးခြင်းဖြစ်၍ မူဝါဒလမ်းညွှန်ချက်အရ ယုံကြည်စိတ်ချရမှု
ကောင်းမွန်သော်လည်း ရိုးရှင်းမှုနှင့်ကုန်ကျစရိတ်တွင
နစ်နာမှုရှိကြောင်းလည်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမ
လက်မှတ်များတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမျာ
ပို့ကုန်ပစ္စည်းများအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများက တစ်ဖက်သတ်ပေးသော အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးသောစနစ် (GSP, Form A)၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများကတင်ပို့သော ပို့ကုန်များအတွက် ကိုရီးယားနိုင်ငံက တစ်ဖက်သတ်အကောက်ခွန် ကင်းလွတ်သက်သာခွင့် အစီအစဉ် (Preferential Treatment for LDCs From Kore)၊ အိန္ဒိယနိုင်ငံက ပေးအပ်သော အကောက်ခွန်ကင်းလွတ်သက်သာခွင့် အစီအစဉ် (Duty Free Tariff Prefernce From India -DFTP Scheme) တို့ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာ အပြန်အလှန်
အကောက်ခွန် သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံ
လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (AFTA) နှင့်
ဆွေးနွေးဘက်နိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (AC FTA, AK FTA, AJ FTA, AANZ FTA) အတွက် အကောက်ခွန်သက်သာခွင့် ရရှိစေရန် သက်ဆိုင်ရာနိုင်ငံမှ ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ပုံစံ (ATIGA Form D) များ လိုအပ်ကြောင်း၊ လက်ရှိတွင် အကောက်ခွန်
လျှော့ပေါ့ပေးသည့် အစီအစဉ်တွင် ပါဝင်သည့် ပင်ရင်းနိုင်ငံ သက်သေခံ
လက်မှတ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
Eleven Media Group
0 comments:
Post a Comment