Thursday, January 03, 2013
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် သပြေပင် ကျေးရွာ တစ်ဧက တန်(၆ဝ) ထွက်ရှိမည့် အထူး အထွက်တိုး ကြံမျိုးပွား စိုက်ခင်း၌ သိပ္ပံနည်းကျ စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးနေမှု၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ဝင်း စိုက်ကွင်း အတွင်း ကျောင်းသား၊ ကျောင်း သူများ၏ လက်တွေ့ ကွင်းဆင်း လေ့ကျင့်ခန်း ဆောင်ရွက်နေမှု တို့ကို ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် သွားရောက် ကြည့်ရှု အားပေးပြီး တက္ကသိုလ် စိုက်ကွင်း အတွင်း ငလိုက် လက်တံ မြောင်း (RF- ၅ဝ၅ဝ) ပြုပြင် နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေး တက္ကသိုလ် ပန်းခြံ၌ ကျင်းပသည့် အဆင့်မြင့် စိုက်ပျိုးရေး သုတေသန နှင့် ပညာရေး ဗဟိုဌာန တည်ဆောက်ရေး ပန္နက်တင် အခမ်းအနားသို့ တက်ရောက် အား ပေးပြီး ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေပြီး နှစ်ပေါင်း များစွာကပင် ချစ်ကြည် ရင်းနှီးသော နိုင်ငံ များ ဖြစ်ကြ ပါကြောင်း၊ ဘာသာ တရားနှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ သည်လည်း များစွာ တူညီ ပါကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု နှင့်အတူ နှစ်နိုင်ငံ ပြည်သူများ အကြား တည်တံ့ ခိုင်မြဲသော ချစ်ကြည်ရေးကို ခိုင်မာ သည်ထက် ခိုင်မာအောင် တည်ဆောက် သွားကြသည့် အစဉ်အလာ ကောင်းများ ရှိခဲ့ ပါကြောင်း၊
မြန်မာ နိုင်ငံ၏ အခြေခံ လယ်ယာကဏ္ဍ အတွက် လိုအပ်လျက် ရှိသော စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လုပ်ငန်းရပ်များ အတွက် ပညာရှင်များ လေ့ကျင့် မွေးထုတ် ပေးနိုင် မည့် ဤအဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး ဗဟိုဌာန ထူထောင်ရေး စီမံကိန်းအား အိန္ဒိယ နိုင်ငံမှ အထောက်အပံ့ ပေးမည့်အပေါ် ဝမ်းမြောက် ဝမ်းသာ ကျေးဇူး တင်ရှိ ပါကြောင်း၊ ဆက်လက်၍ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း များကို တိုးမြှင့် ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadriက မြန်မာ နိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက်နိုင်မည့် အလားအလာ များကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီး ဦးအုန်းသန်းနှင့် သံအမတ်ကြီး တို့သည် အဆောက်အအုံ တည်ဆောက်မည့် သတ်မှတ်နေရာ အသီးသီး၌ ပန္နက်များ စိုက်ထူ ပေးကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်၊ တက္ကသိုလ် တွင်းရှိ လေ့ကျင့်ရေး အဆောက်အအုံ များ၊ စာသင် ဆောင်များ၊ ဓာတ်ခွဲခန်း များနှင့် တက္ကသိုလ် ပရိဝုဏ် စနစ်တကျ ဆောင်ရွက် ထားရှိမှု များကို လှည့်လည်ကြည့်ရှု ကြပြီး စာသင်ဆောင် ခန်းမကြီး အမှတ်(၂)တွင် ပထမနှစ် ကျောင်း သား၊ ကျောင်းသူ များအား ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီး တို့က နှုတ်ခွန်း ဆက်စကား ပြောကြား ခဲ့ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
0 comments:
Post a Comment