http://www.myawady.com.mm/
တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီး များသည် ၎င်းတို့၏ ကြင်ဖော်ကြင် ဖက်များကို ရှာဖွေ ကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ် များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေ လိမ့်မည်။ ယခုခေတ် ကာလ များတွင် ခေတ်နှင့် အညီ နည်းပညာများ
ဖွံ့ဖြိုးတိုးတက် လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလိုအပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေ လာကြ သည်ကို လေ့ လာတွေ့ရှိ ရသည်။ ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည် ကောင်းကျိုးခံစား ရမည့် အိမ်ထောင်ဖက် အစစ်အမှန်ကို တွေ့ရှိနို င်သလို ဆိုးကျိုးကို ဖြစ်ပေါ်စေမည့် အတုအယောင် အိမ်ထောင်ဖက် များကိုလည်း တွေ့ရှိနိုင်ပါသည်။
ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည်ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ် ကျိုးနှင့် ရှန်ကျန်းမြို့ များ
0 comments:
Post a Comment