Pages

Sunday, December 9, 2012

ဖလော်ရီဒါ ပြည်နယ်မှ စပါးအုံးမြွေ ဖမ်းပွဲ အမေရိကန် ဒေါ်လာ ၁၅ဝဝ ဆုချီးမြှင့်မည်



Sunday, 09 December 2012

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်တွင် စပါးအုံးမြွေ ဖမ်းပွဲကို ကျင်းပ၍ မြွေများကို ဖမ်းဆီး နိုင်သူများအား သဘာဝ တောရိုင်း တိရစ္ဆာန် ထိန
်းသိမ်းရေး ဌာနမှ ဆုငွေများ ချီးမြှင့်သွားရန် စီစဉ်လျက်ရှိသည်ဟု
သိရသည်။

အဆိုပါ အစီအစဉ်အား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည်
ဖြစ်သည်။ ပြိုင်ပွဲဝင်သူများ အနေဖြင့် အရှည်ဆုံး စပါးအုံးမြွေအား ဖမ်းမိပါက အမေရိကန် ဒေါ်လာ ၁ဝဝဝ ရရှိမည် ဖြစ်ပြီး မြွေအကောင်ရေ အများဆုံး ဖမ်းနိုင်သူအား အမေရိကန်ဒေါ်လာ ၁၅ဝဝ ချီးမြှင့် သွားမည်ဟု ဖလော်ရီဒါ ပြည်နယ် မွေးမြူရေးနှင့် သဘာဝ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန၏ ထုတ်ဖော် ပြောကြားချက်ကို Sun Sentinel သတင်းစာက ဖော်ပြ ခဲ့သည်။

ဖမ်းဆီး ရရှိသော စပါးအုံးမြွေများနှင့် အခြား အန္တရာယ် ပြုနိုင်သော တိရစ္ဆာန် မျိုးစိတ်များအား ဖလော်ရီဒါ ပြည်နယ်ရှိ Davie တက္ကသိုလ်တွင် တစ်နေ့တာ
ပြသသွားမည် ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြား ခဲ့သည်။

ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်းရှိ ပြည်သူများ နေထိုင်ရာ နယ်နိမိတ် များမှ စပါးအုံး မြွေများကို ဖမ်းဆီး ဖယ်ရှားရာတွင် ပါဝင် ကူညီရန် သဘာဝ
တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြည်သူများအား တိုက်တွန်း ထားကြောင်း သိရသည်။

မြ၀တီ
3

0 comments:

Post a Comment