Sunday, 09 December 2012
အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့
် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive(SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိ
နေပြီဖြစ်ကြောင်း သိရှိရသည်။
''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ရောက်လာတာဟာ အချိန်မှန်ပဲလို့ ထင်မြင်ယူဆမိပါတယ်'' ဟု အရှေ့တောင်အာရှ အင်တဲလ်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty က ပြောကြားခဲ့သည်။
ထို့ပြင် Intel အနေဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Multinational Companies (MNCs) အနေနှင့် ဖြစ်လာရန် မျော်လင့်ထားကြောင်းလည်း သိရသည်။
Intel မှ မြန်မာနိုင်ငံအတွက် နည်းပညာပိုင်းဆိုင်ရာများနှင့် ပညာရေးပိုင်း
ဆိုင်ရာ အစီအစဉ်များတွင် အကူအညီပေးသွားရန်ရှိကြောင်း အရှေ့တောင်
အာရှ အင်တဲလ်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty ၏ ပြောကြားချက်အရ သိရသည်။
၎င်းက ''မြန်မာနိုင်ငံရဲ့ အကျိုးတူ မိတ်ဖက်ဖြစ်ဖို့အတွက် မျော်လင့်ပါတယ်။ အများနဲ့မတူ ခြားနားတဲ့ဟာကတော့ အင်တဲလ်အနေနဲ့ နည်းပညာပိုင်း
ဆိုင်ရာမှာရော၊ ပညာရေးပိုင်းဆိုင်ရာမှာရော ထောက်ပံ့ပေးသွားမှာပါ'' ဟု ထပ်မံပြောကြားခဲ့သည်။
ထိုသို့ အကူအညီပေးရာတွင် မြန်မာအစိုးရနှင့် ပညာရေးပိုင်းများနှင့် ဒီဂျစ်တယ် သင်ကြားမှုပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ ကူညီ
သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အင်တဲလ်အနေနဲ့ ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေကို အသုံးချပြီး မြန်မာလူထုရဲ့ လူမှုရေး၊ စီးပွားရေး ဖူလုံမှုစတာတွေ တိုးတက်အောင် အာရုံစိုက်ပေးသွားမှာပါ။ မြန်မာအစိုးရနဲ့လည်း ပညာရေးပိုင်းတွေနဲ့ ဒီဂျစ်တယ် သင်ကြားမှုပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ'' ဟု Mr Uday Marty က ပြောကြားခဲ့သည်။
Intel မှ စာသင်ခန်းများတွင် နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန်Intel Tech Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား လေ့ကျင့်သင်ကြား
ပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာ
အတွေ့အကြုံ မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု
ဆိုင်ရာ သင်ကြားမှုအစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
'' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်
သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လို
အသုံးပြုရမလဲဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့
သလိုမျိုးပဲ ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင် ကူညီသွားမှာပါ''ဟု Mr Uday Martyကပင်ထပ်မံပြောကြားသည်။
Eleven Media Group

0 comments:
Post a Comment