Thursday, January 10, 2013
ဗီယက်နမ်နိုင်ငံ၏ စူပါစီးပွား ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Hoang Anh Gia Lai Group သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ ရှိ အဂ္ဂမဟာစက်မှုဇုံ (Mega- C omplex) အဆောက်အအုံတစ်ခု တည်ဆောက်ရေးအတွက် အမေ ရိကန်ဒေါ်လာသန်း ၃၀၀ထည့်ဝင် အသုံးပြုကာ ၅နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဟု ဗီယက် နမ်သတင်းများတွင်ဖော်ပြသည်။
ဗီယက်နမ်တွင် ဒုတိယအချမ်းသာဆုံးသန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ် သည့်ဆောက်လုပ်ရေးကုမ်္ပဏီပိုင်ရှင်ကြီး ဒေါင်ငုယင်ဒတ် (Doan Nguyen Duc) က ““အခု အချိန် ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့
အကောင်းဆုံးအချိန်ပဲ””ဟု ပြော ကြားသွားကြောင်း စီအင်အေ သတင်းတစ်ရပ်တွင်ဖော်ပြသည်။
အဆိုပါ စီးပွားရေးအဆောက် အအုံကြီးတည်ဆောက်နိုင်ရန်
အတွက် ဗီယက်နမ်နိုင်ငံမှမြန်မာ နိုင်ငံသို့ သံမဏိထည်များတန်ချိန် ၃၀၀၀၀နှင့်ဘိလပ်မြေတန်ချိန် ၂၀၀၀၀ကိုပေးပို့တော့မည်ဟုသိရသည်။
တည်ဆောက်ရေးလုပ်ငန်း များအတွက် သံမဏိထည်များ အား မြန်မာနိုင်ငံသို့ပေးပို့ရာတွင် မြန်မာနိုင်ငံသို့ ပေးပို့သည့်ကုန်ကျ
စရိတ်မှာ အခြားနိုင်ငံများထက် ၂၀ရာခိုင်နှုန်းမျှသက်သာသည်ဟု ၎င်းကဆိုသည်။
ကျော်စိန်
0 comments:
Post a Comment