Pages

Tuesday, January 8, 2013

လက်ကမ်းလို့  ကြိုနေပါတယ် KIA




ဒို့ တွေဟာ တစ်မိုးအောက် တစ်ပြည်ထောင်ထဲက သွေးချင်းညီအစ်ကိုတွေပါ

တန်းတူရည်တူ စိတ်ဓါတ်ဖြူဖြူစင်စင်နဲ့  ငြိမ်းချမ်းရေးလမ်းကို လျှောက်ခဲ့ကြပါ

မိသားတစ်စုတည်းတောင် အခန့် မသင့်ရင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ မဟုတ်လား

ဘယ်သူ့ ဘယ်သူမှ အသာစီးမရခဲ့ပါဘူး။ နှစ်ဖက်စလုံးက ဒို့နိုင်ငံသားတွေပဲ မဟုတ်လား

ဒို့ညီအစ်ကိုအချင်းချင်း ချစ်ချစ်ခင်ခင် လေးလေးစားစား နေထိုင်သွားရင် ကချင်ပြည်နယ်ကြီး တစ်နှစ်နှစ်နှစ်အတွင်း တဟုန်ထိုး တိုးတက်လာမှာပါ

ဒို့အင်အားတွေ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရင် ဘယ်လောက် ကောင်းလိမ့်မလဲ

အခု တစ်နိုင်ငံလုံး ကချင်ကလွဲလို့  အားလုံး ငြိမ်းချမ်းရေးလမ်းကို လျှောက်နေကြပြီလေ

ကရင်ခေါင်းဆောင်ကြီးတွေ နေပြည်တော်ကို သွားပြီး သမ္မတကြီးနဲ့တွေ့ တပ်ချုပ်ကြီးနဲ့  တွေ့

ကြည့်စမ်း

ပြည်သူတွေ ဘယ်လောက်ဝမ်းသာနေကြလဲ မြင်မှာပါ

ကချင်ခေါင်းဆောင်တွေလည်း နေပြည်တော်ကို လာပြီး သမ္မတကြီးနဲ့ တွေ့ တပ်ချုပ်ကြီးနဲ့ တွေ့ 

ပြီးတော့ လွှတ်တော်ကြီးကို သွားကြည့်ကြ

ကချင်ပြည်သူတွေရော တစ်နိုင်ငံလုံးက ပြည်သူတွေရော ဘယ်လောက် ၀မ်းသာကြလိမ့်မလဲ

နိုင်ငံရေးအခွင့်အရေးဆိုတာ ညှိနှိုင်းယူကြတာပဲ ကောင်းတယ် မဟုတ်လား

ဒို့ညီအစ်ကိုချင်း စကား ကောင်းကောင်း မပြောဖြစ်တာ ဘယ်လောက် ကြာပြီလဲ

ဟိုဘက်က ရွှေလီကိုပဲကြည့် ဘယ်လောက် တိုးတက်နေပြလဲ တွေ့ မှာပါ

အဲဒီ ရွှေလီက ဒို့ဆီက သယံဇာတတွေနဲ့  လုပ်စားပြီး ကောင်းစားနေတာလေ

တစ်နိုင်ငံလုံးက ကချင်စစ်မီးတွေ တောက်လောင်နေလို့ စိတ်မကောင်း ဖြစ်နေကြရပါတယ်

သမ္မတကြီး ပြောသလိုပါပဲ ကချင်စစ်သားပဲ သေသေ၊ မြန်မာ့တပ်မတော်က စစ်သားတွေပဲသေသေ၊ အကုန်လုံးက တိုင်းပြည်ရဲ့  ဆုံးရှုံးမှုတွေပါ

ဒို့ အချင်းချင်း ဒီလို စစ်ခင်းနေမယ့်အစား ကရင်ပြည်နယ်နဲ့  ပြိုင်ပြီး ကချင်ပြည်နယ် တိုးတက်အောင် တွဲလုပ်ကြရင် မကောင်းဘူးလား။

မျှော်နေပါတယ် သူငယ်ချင်းတို့ ရေ -

ငြိမ်းချမ်းရေးပန်းခင်းကြီးကို ငါတို့  မသေခင် သမိုင်းအမွေအဖြစ် ထားရစ်ခဲ့ကြ ရအောင်ပါ

ငါတို့  မြေးတွေ မြစ်တွေ လက်ထက်အထိ ဒီအမုန်းရန်ငြိုးတွေ သယ်မသွားဖို့  ဒို့ ၀ိုင်းလုပ်ကြရအောင်လား ။

လက်ကမ်းလို့  ကြိုနေပါတယ်

DM PLT

0 comments:

Post a Comment