Pages

Thursday, January 10, 2013

ဖိလစ်ပိုင် အထက်လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံရေးသမား ၁၈ ယောက် အား ခရစ္စမတ် လက်ဆောင်အဖြစ် S$48 K ပေးခဲ့ 


Thursday, January 10, 2013

အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျူရန်ပေါင့်စ် အန်ရေးလ်သည် ပြီးခဲ့သည့် ခရစ္စမတ်အတွင်း အထက်လွှတ်တော် အမတ်များအား လက်ဆောင်များ
ပေးခဲ့ခြင်းဖြင့် ဆန်တာကလောခ့်ဆန်ဆန် ပြုလုပ်ခဲ့သည်။

အန်ရေးလ်သည် အထက်လွှတ်တော်အမတ် ၂၂ ဦး အား စုစုပေါင်း ဖိလစ်ပိုင်ငွေ ရူပီ သန်း ၃၀ ( S$904,000) နီးပါး ပေးခဲ့ပြီး အလွန်တန်ဖိုး ကြီးမားသည့် လက်ဆောင်ဖြစ်ကာ အခြေခံဥပဒေအရ ကိုက်ညီမှု မရှိ
ကြောင်း အထက်လွှတ်တော်အမတ်တစ်ဦးက ပြောခဲ့သည်။

၎င်းပိုက်ဆံများသည် ၂၀၁၀ ခုနှစ် သမ္မတ အကွီနို ရွေးကောက်ပွဲ
နိုင်ခဲ့စဉ်က အထက်လွှတ်တော်အမတ် နေရာအတွက် ရှိနေသည့်
ဝေစုများထဲမှ ငွေများ ဖြစ်သည်။ ဖိလစ်ပိုင်နေ့စဉ်သတင်းစာ အင်ကွာရီသည် အန်ရေးလ်အား၎င်းပိုက်ဆံများနှင့် ပတ်သက် ပြီး အင်တာဗျူးရန် ဆက်သွယ်ခဲ့သော်လည်း ချက်ခြင်းဖြေကြားခဲ့ခြင်း မရှိခဲ့ဘူးဟု ဆိုသည်။

အထက်လွှတ်တော်အမတ်များကို ၎င်းသတင်းစာမှ မေးမြန်းခဲ့ရာတွင် လွှတ်တော်အမတ် ၁၈ ဦး မှာ တစ်ဦးလျှင် ရူပီး ၁.၆ သန်း ရရှိခဲ့ပြီး ဒါဟာ အများဆုံးငွေ ရရှိခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။ အန်ရေးလ်သည်
၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

အန်ရေးလ်သည် ဒရိုင်ဘာများနှင့် လုံခြုံရေးဝန်ထမ်းများပါ မကျန် အထက်လွှတ်တော်ရှိ ဝန်ထမ်းအားလုံးကို ခရစ္စမတ် လက်ဆောင်အဖြစ် တစ်ဦးလျှင် ရူပီး ၁ သိန်း ၂ သောင်း အထက်ပေးခဲ့ကြောင်း ၎င်းသတင်းစာ ထဲတွင် ဖော်ပြထားသည်။

အထက်လွှတ်တော်အမတ် တစ်ဦးလျှင် ရူပီး ၁.၆ သန်းစီ ပေးခဲ့သော်လည်း အန်ရေးလ်၏ လုပ်ဖော်ကိုင်ဖက် လေးဦးမှာတော့ ရူပီး ၂သိန်း ၅ သောင်း စီသာ ရရှိခဲ့ကြသည်။

Ref: Inquirer/Asia News Network
The Myanma Age
1

0 comments:

Post a Comment