Thursday, January 10, 2013
ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေရေးဝန်ဆောင်မှု လုပ်ငန်း Emida Techno logies သည် မြန်မာတွင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအခြေစိုက် အိုင်စီတီဝန်ဆောင်မှု ကုမ္ပဏီများဖြင့် နားလည်မှု စာချွှန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
Emida နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သော ကုမ္ပဏီများမှာ Blue Ocean Operating Management (BOOM) နှင့် မြန်မာအခြေစိုက် နည်းပညာ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Myanmar Technologies Investment (MTI)၊ နယူးဇီလန်အခြေစိုက် Oceanic Communications (OCL) တို့
ဖြစ်ကြောင်း သိရသည်။
Emida ကုမ္ပဏီသည် တောင်အမေရိက၊ မြောက်အမေရိက၊ ဗဟိုအမေရိက
နှင့် ကာရစ်ဘီယန်ဒေသ၊ အာဖရိက၊ သမုဒ္ဒရာပိုင်းဇုန်၊ အရှေ့  အလယ်ပိုင်း
နှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် လုပ်ငန်းများ လည်ပတ်ဆောင် ရွက်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။
ကုမ္ပဏီ၏ နည်းပညာပိုင်း ဆောင်ရွက်မှုများတွင် မိုဘိုင်းစနစ်ဖြင့်
ငွေပေးချေရေး ဝန်ဆောင်မှုများ၊ PREPAID စနစ်သုံး ငွေပေးချေမှုများ အတွက် ကွန်ရက်ဖြင့် လွှဲပြောင်းဆောင်ရွက်ဝန်ဆောင်မှုပေးခြင်းများ ပါဝင်သည်။
Ref: CET | News
The Myanma Age
0 comments:
Post a Comment