Pages

Saturday, March 10, 2012

ဓူဝံကြယ်


မှောင်မဲပြိုင်တဲ့
ချောင်လှိုဏ်ထဲမှာ
ငါတယောက်တည်း ရှိတယ်။

မျက်လုံးများ ကန်းစွ မမြင်ရ
အလင်းတစ မဲ့တဲ့
လှိုဏ်တခုရဲ့ အလယ်မှာ
ဘယ်လို ရောက်လာတယ် မသိ
ငါ... ကျော့မိနေပြီ။

အစာရေ...
စာ
ရှူရန် လေဟာ
ဖွဲ့စည်းမှု သဟာ
ငါ.. လိုအပ်တောင့်တ
ချစ်တဲ့သူမ
ကဗျာတစ
အား.... ဘာမှ
ဘာမှ မရှိကြတော့ဘူး။

<ရူးသွပ်စွာ>
ဘာကို ကြည့်ကြည့်
ဘယ်ကို ကြည့်ကြည့်
မျက်စိမှာ ကဝေ
နားမှာ တစ္ဆေ
ရင်မှာ နေ။

ကြောင်နက် တကောင်ရဲ့
နက်မှောင်တဲ့ မျက်လုံးတစုံလို
ငါ တွေ့လိုက်သလိုပဲ။
စူးလက်တောက်ပစွာ
<ငါ့အဖို့>
မှိန်ပြဖျော့တော့စွာ
<အများအဖို့>
မစို့ မပို့ အလင်းတစဟာ
ဝင်းပလာတဲ့
‘ဓူဝံကြယ်’ ဖြစ်ရမယ်။

ယောဟန်အောင်
ဇူလိုင် ၈၊ ၁၉၈၆။

0 comments:

Post a Comment