Thursday, November 29, 2012
(The Chosul Llbo မှ 29 Nov 2012 ရက်စွဲပါ “Aung San Suu Kyi to Visit Gwangju in January” သတင်းကိုဘာသာပြန်ဆိုသည်)
ဂွမ်းဂျုးလူ့အခွင့်အရေးဆုကို ၂၀၀၄ ခုနှစ်ကရ
ရှိခဲ့သော မြန်မာဒီမိုကရေစီ
လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံ ဂွမ်းဂျုးမြို့ သို့
နောက်နှစ်ဇန်နဝါရီ ၃၀ တွင် သွားရောက်တော့မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြုံချမ်းအထူး အိုလံပစ်ပွဲတော်သို့ ဖိတ်ကြား
ထားသောကြောင့် အားကစားပွဲတက်ရောက်ပြီးနောက်တွင် ဂွမ်းဂျုးသို့
နှစ်ရက်ကြာ လာရောက်လည်ပတ်မည်ဟု “မေ ၁၈ အမှတ်တရ
ဖောင်ဒေးရှင်း”က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံကာလတွင် အထက်ပါဆုကိုရရှိခဲ့သော
ဒေါ်အောင်ဆန်းစုကြည်က သူမအား ဂွမ်ဂျုးမြို့တော် အစိုးရနှင့်
ဖောင်ဒေးရှင်းက ဂုဏ်ပြုတည်ခင်းမည့်ညစာစားပွဲတွင် ဆုလက်ခံကျေးဇူး
တင်စကား ပြန်လည်ပြောကြားမည်ဟု သိရသည်။
သူမသည် မေ ၁၈ အမှတ်တရ အမျိုးသားအာဇာနည်ဗိဗာန်သို့ လာရောက်
အလေးပြုမည်ဖြစ်ပြီး၊ ချိုနန် အမျိုးသားတက္ကသိုလ်တွင် လက်ချာ ပို့ချ
မည်ဟု ဖောင်ဒေးရှင်းကပြောကြားသည်။
transparencymyanmar2010

0 comments:
Post a Comment