Pages

Monday, November 26, 2012

တန့်ဆည်တောင်သူများ စပါးထွက်နှုန်းလျော့၍ အရှုံးများနေ



Monday, 26 November 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်းရှိ ဆည်ရေ
မရသော စပါးစိုက်သည့်ကျေးရွာများ၌ စပါးအ ထွက်နှုန်းလျော့ကာ အရှုံးများလျှက်ရှိကြောင်း ဒေသခံတောင်သူမျ
ားထံမှ သိရှိသည်။

ယခုနှစ်မိုးခေါင်၍ စပါးသီးနှံပေါ်ချိန်၌ အထွက်နည်းကာ ယခုကဲ့သို့ ဆုံးရှုံးမှုများရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

“လယ်တွေက ကုန်းမြင့်ပေါ်မှာရှိတော့ ဆည်ကလွှတ်တဲ့ရေရဖို့ ခဲယဉ်းတယ်။ မိုးကိုပဲ မျှော်ပြီး စိုက်ရတယ်။ ဒီနှစ်စပါးစိုက်ချိန် မိုးမရွာတော့ ကျဲထားတဲ့စပါးတွေက ရေမရဘူး။ တစ်ချို့သေကုန်တယ်။ တောင်သူတွေ
လည်း အကြွေးတင်တဲ့ လူတွေများတယ်။”ဟု တန့်ဆည်မြို့နယ် ငှက်ပျောတောရွာမှ တောင်သူတစ်ဦးက ပြောသည်။

ငှက်ပျောတောကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းသာ အဓိကထားလုပ်ကိုင်ကြရမှ စပါးထွက်နှုန်းမှာ ယခင် တင်း(၁၀၀)ထွက်ရှိနေရာမှ လက်ရှိအချိန်တွင် တင်း(၇၀)၀န်းကျင်မှ (၅၀)၀န်းကျင်သာ ထွက်ရှိသည်အထိ ကျဆင်းနေခြင်းဖြစ် သည့်အတွက် ယခုကဲ့သို့ အခက်အခဲတွေ့နေခြင်းဖြစ်ကြောင်းကိုလည်း ဒေသခံ
တောင်သူများက ဆိုသည်။

အဆိုပါဒေသများ၌ ရွှေဘိုမာကျူလီ၊ မနောသုခ၊ စသည့်စပါးမျိုးများ စိုက်ပျိုးမှုများကြောင်းကိုလည်း သိရသည်။

ယခင်နှစ်များက တောင်သူများမှာ စိုက်ပျိုးရေးအဆင်ပြေသော်လည်း တန့်ဆည်မြို့နယ်အတွင်းရှိ တောင်သူ အများစုမှာ ပိုးသက်ဆေးဖိုးနှင့် လယ်အလုပ်သများစရိတ်များကို အကြွေးထား၍ စပါးပေါ်ချိန်ရောက်မှ
ပြန်ဆပ်ကြရသောကြောင့် လည်ပတ်ရုံသာရှိကြောင်းကိုလည်း တောင်သူ
များထံက သိရသည်။

“မိုးခေါင်တော့ တောင်သူအချို့ မြန်မာနိုင်ငံအထက်ပိုင်းနေရာတွေဆီမှာ သွားအလုပ်လုပ်ကြတယ်။ ကချင်အရေးကြောင့် ရွာကိုပြန်လာပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ တစ်ပုံကြီး။ တောင်သူလုပ်ငန်းကလည်း မဖြစ်တော့ တစ်ခြားအလုပ်ကိုပဲ ရှာနေရတယ်။”ဟု တောင်သူဦးထွန်းအောင်
က ပြောသည်။

မိုးခေါင်သောကြောင့်စပါးအထွက်နှုန်းလျော့ကျချိန် စပါးဈေးကျဆင်းနေခြင်း အခြေခံ စားသုံးကုန်ဈေးနှုန်းတက်ခြင်းတို့ကြောင့် တောင်သူတစ်ချို့မှာ အကြွေးများ၍ သားသမီးတစ်ချို့ပညာရေးတစ်ပိုင်းတစ်စနှင့် ကျောင်းထွက် ၍ အလုပ်အကိုင် အခွင့်အလမ်းများသည့်နေရာများသို့ စေလွှတ်ကာ အလုပ်စေခိုင်းမှုများရှိလာကြောင်းကိုလည်း တောင်သူများထံက သိရသည်။

လက်ရှိတွင် တန့်ဆည်မြို့နယ် နှင့် စဉ်ကူးမြို့နယ်များ၌ စပါးတစ်တင်းလျှင် ကျပ်(၃၅၀၀)၀န်းကျင်သာ ဈေးရရှိကြောင်းကိုလည်း တောင်သူများထံက
သိရသည်။

Myit Makha Mediagroup
1

0 comments:

Post a Comment