Pages

Wednesday, November 28, 2012

မင်းဓမ္မပန်းကွင်းမှ ဈေးသူဈေးသားတို့ နေရာမရွှေ့ပြောင်းစေရန်ဆန္ဒပြ


မင်းဓမ္မပန်းကွင်းမှ ဈေးသူဈေးသားတို့ နေရာမရွှေ့ပြောင်းစေရန်ဆန္ဒပြ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မင်းဓမ္မပန်းကွင်းမှ ဈေးသူဈေးသားတို့က နေရာမရွှေ့ပြောင်းစေဖို့အတွက် ယနေ့ ၉ နာရီမှ စကာ ၁၀ နာရီအထိ အင်အား ၁၅၀ ဖြင့် မြို့တော်ခန်းမရှေ့တွင် စည်ပင်အားဆန္ဒထုတ်ဖော်မှု ပြုနေကြကြောင်း သိရသည်။ ပျိုးပင်နှင့်ပန်းဥယျာဉ်စိုက်ခင်းများ ရောင်းချနေမှု ၁၂ နှစ် သက်တမ်းရှိ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ကို မြို့တော်စည်ပင် မြေယာနှင့် ပန်းဥယျာဉ်ဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးထားကာ အပြီးဖယ်ရှားရမည်ဆိုသောကြောင့် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ဆန္ဒပြမှု ဦးဆောင်ပါဝင်သူ ပန်းပျိုးခင်းမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။ “ဖယ်ခိုင်းပြီး နေရာပြန်ပေးမယ်လို့ ပြောပေမယ့် ဘာတစ်ခုမှတိတိကျကျ မသိရဘူး”ဟု ၄င်းက ပြောသည်။ တစ်နိုင်ငံလုံးတွင် အကြီးမားဆုံးနှင့် တစ်ခုတည်းရှိသော ပန်းပျိုးခင်းဆိုင်ခန်းများကို ရန်ကုန်မြို့တော် ဖွံ့ဖြိုးမှုစီမံကိန်းထဲ၌ထည့်သွင်းကာ မထားသည်ကို အံ့သြမိကြောင်းနှင့် ရန်ကုန်မြို့စိမ်းလန်းဖွံ့ဖြိုးရေး အထောက်အကူပြု ပန်းပျိုးခင်းဆိုင်ခန်းများအား ဖယ်ရှားခိုင်းခြင်းအပေါ် ဆန္ဒပြသူတို့က အံ့သြမိကြောင်း အသီးသီးထုတ်ဖော်ပြောဆိုခဲ့ကြသည်။ PN-051 —

0 comments:

Post a Comment