Thursday, 29 November 2012
ပြည်တွင်းရွှေဈေးနူန်းများမြင့်တက်နေခြင်းကြောင့် ဈေးကွက်တွင်း ပြန်လည်ရောင်းချသူများပြားပြီး ၀ယ်ယူစုဆောင်းသူ နည်းပါးကာ အ၀ယ်အေး
လျက်ရှိကြောင်း ရွှေဆိုင်လုပ်ငန်းများထံက သိ
ရှိရသည်။
"ရွှေဈေးတက်နေတယ်။ တစ်ပတ်လောက်တော့ရှိပြီ အ၀ယ်အေးနေတာ။
ဈေးတက်နေတော့ ၀ယ်စုတဲ့သူတွေလဲ ဈေးစောင့်နေ ကြ ရတယ်"ဟု တိတ်စိန်ရွှေဆိုင် ပိုင်ရှင်က ပြောသည်။
လက်ရှိရွှေဈေးကွက်တွင်း (နိုဝင်ဘာ ၂၉ရက်) အခေါက်ရွှေတစ်ကျပ်သားလျှင်
ကျပ် (၇)သိန်း (၇)သောင်း (၄) ထောင့် (၅)ရာနှင့် ၁၅ ပဲရည်တစ်ကျပ်သား
လျှင် ကျပ် (၇)သိန်း (၅)ထောင် ပေါက်ဈေးရှိပြီး အောက်တိုဘာလကုန်ပိုင်းမှ တစ်ဖြည်းဖြည်း အမြင့်ဈေးနှုန်းများဖြင့် အတက်အကျဖြစ်ပေါ်ခဲ့ကြောင်း သိရှိသည်။
ကမ္ဘာ့ရွှေဈေးကွက်တွင်းလည်း ဈေးနူန်းများမြင့်တက်လျက်ရှိပြီး နိုဝင်ဘာလ (၂၁)ရက်နေ့တွင် တစ်အောင်စလျှင် ကန် ဒေါ်လာ ၁၇၂၂.၀၀ ဈေးရှိခဲ့ပြီး
ပြည်တွင်းဈေးကွက်တွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် (၇)သိန်း (၇)သောင်း (၁)ထောင် (၈)ရာ ဈေးရှိခဲ့ကြောင်း သိရှိရသည်။
ဈေးကွက်မြင့်တက်နေချိန်နှင့် အလှူအတန်းများပြုလုပ်နိုင်ရန် ရွှေ ၀ယ်ယူစုဆောင်းထားသူများအနေဖြင့်  ပြန်လည် ရောင်းချ လာကြပြီး ဈေးနူန်းမြင့်တက်နေခြင်းကြောင့် စုဆောင်းရန်
ဈေးနူန်းပြန်လည်ကျဆင်းချိန် စောင့်ဆိုင်းနေမူများရှိနေကြောင်း သိရှိရသည်။
"ကျွန်မက ပဲပြုတ်ရောင်းပါတယ်။ ဒီလိုရာသီမျိုးမှာ အလှူအတန်းလေး
လုပ်ဖို့အတွက် နည်းနည်းနဲ့ ရွှေဝယ်စု ထားတာ။ အခုလိုရွှေဈေးက
လည်းတက် အလှူကလည်းလုပ်ချင်တော့ ထုတ်ရောင်းဖြစ်သွားတာပါ။
ပြန်ဝယ် ဖို့ဆိုတော့ မဖြစ်နိုင်တော့ ပါဘူး။ ဈေးကအရမ်းတက်
နေတာလေ"ဟု လသာမြို့နယ် (၁၅)လမ်းရှိ ရွှေဆိုင် တစ်ဆိုင်တွင်
ရွှေပြန်လည်ရောင်း ချနေသူ မအေးသီရိက ပြောသည်။
နိုဝင်ဘာ (၂၆)ရက်တွင် ရွှေဈေးနူန်းများဆက်လက်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး၌ တစ်အောင်စလျှင် ကန် ဒေါ်လာ ၁၇၅၀.၀၀ ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် (၇)သိန်း (၈)သောင်း ကျော်သို့မြင့်တက်ခဲ့ကာ လက်ရှိတွင် ဈေးကွက်ဈေးနူန်း
အနည်းငယ်ကျဆင်းလာခဲ့ပြီး ၄င်းနေ့ထက် ပြည်တွင်း ရွှေဈေးကွက်တွင် ကျပ် (၆)ထောင်ကျော်ပြန်လည်ကျဆင်းနေကြောင်း သိရှိရသည်။
ယမင်း (မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment