Pages

Tuesday, November 27, 2012

Google Maps iOS version ကို စမ်းသပ်ပြုလုပ်နေ



Tuesday, November 27, 2012

Apple ၏ iOS device များအတွက် မြေပုံဝန်ဆောင်မှု၏ pre-release version ကို Google မှ စမ်းသပ်ပြုလုပ် လျက်ရှိကြောင်း၊အဆိုပါ
ဆော့ဖ်ဝဲကို Apple တွင် တင်သွင်းရန်အတွက်အပြီးသတ်လ
ုပ်ဆောင်
လျက်ရှိကြောင်း WallStreet Journal မှ ဖော်ပြခဲ့သည်။

Wall Street Journal ၏အဆိုအရ ၎င်းဆော့ဖ်ဝဲကို Google ဝန်ထမ်း
များတွင် စမ်းသပ်သုံးစွဲလျက်ရှိပြီး ၎င်းတွင် Android တွင်အသုံးပြုထား
သလိုမျိုး turn-by-turn navigation ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ သတင်းသည် Nokia မှ Here Maps ဟုခေါ်သည့် ကိုယ်ပိုင်မြေပုံ
စနစ်ကို iOS အတွက် ထောက်ပံ့ပေး မည်ဟုကြေညာခဲ့ပြီး နှစ်ရက်
အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်ရက်ပိုင်းက
ဖြန့်ချိပေးခဲ့သည့် Here Maps ဆော့ဖ်ဝဲသည် Apple ၏ မြေပုံ app နှင့် ယှဉ်ပြိုင်ဖွယ်ရှိသည်။

Google မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNET သတင်းဌာနထံ ပြောကြား
ခဲ့ရာတွင် Google Maps သည် အပြည့်စုံဆုံး၊ အတိကျဆုံးနှင့် အလွယ်
တကူအပြုနိုင်ဆုံး မြေပုံစနစ်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ရည်မှန်းချက်မှာ Google Maps ကို အသုံးပြုလိုသည့် မည်သူမဆို ထုတ်ကုန်၊ browser နှင့် operating system မရွေး အသုံးပြုနိုင်ရန်အတွက်
ဖြစ်ကြောင်း သိရသည်။

Apple ၏ maps app ကို ကုမ္ပဏီမှ ဇွန်လတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် developers conference ၌ ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ maps app ကို အသွင်အပြင်သစ်နှင့် ပြုလုပ်ထားပြီး ယခင်က မပါဝင်သည့် turn-by-turn directions နှင့် 3D မြင်ကွင်း စသည်တို့
ပါဝင်လာသော်လည်း အချက်အလက်များမှာ တိကျမှုမရှိသည့်အတွက် ၎င်းဆော့ဖ်ဝဲကို ပိုမိုကောင်းမွန်အောင် ပြုလုပ်မည်ဖြစ် ကြောင်း Apple အမှုဆောင်အရာရှိချုပ် Tim Cook မှ လူသိရှင်ကြား တောင်းပန် ကတိပေးပြောကြားခဲ့သည်။

Internet Journal
3

0 comments:

Post a Comment