ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော်အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး
ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရ
သူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွင်းသည့် ဖြစ်စဉ်ကြောင့် မုံရွာဆေးရုံတွင် လူ ၅၀ ခန့် ကုသမှုခံယူနေကြောင်းသိရပြီး အများစုမှာ မီလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ၀မ်ပေါင်ကုမ္ပဏီ ပြင်ပဂိတ်ရှေ့ရှိ သံဃာတော် (၃)ပါး၊ ကျော်ရွာဂိတ်မှ (၂)ပါး၊ တောင်ကြားအလယ်ဂိတ်မှ (၅)ပါး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိမ်းသိမ်းထားကြောင်း သိရသည်။

0 comments:
Post a Comment