Monday, November 26, 2012
တရားမဝင် မှောင်ခိုစက်သုံးဆီ သဘောင်္များအား မဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့်
နိုင်ငံတော်အနေဖြင့် နှစ်စဉ် ငွေကျပ် ဘီလီယံ ၆၀ နီးပါး ထိခိုက်နေကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
ဝင်းမြင့်က ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဒေါက်တာဝင်းမြင့် တင်သွင်းသည့် ‘တရားမဝင် ကုန်စည်များ ဝင်ရောက်နေမှုအား ပြည်ထောင်စုအဆင့်
ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန်’ အဆိုနှင့်အတူ အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က “ဖြစ်ရပ်မှန်ကို တင်ပြပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်နိုင်ဖို့ တင်ပြခဲ့တာပါ။ ပြည်ထောင်စုအဆင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့
အတွက် ဖြစ်ပါတယ်။ တရားမဝင်ကို အခုလို တင်သွင်းနေတော့ မှန်မှန်
ကန်ကန် လုပ်ကိုင်တဲ့ သူတွေကျတော့ မှောင်ခိုလမ်းကြောင်းသမားကို ဘယ်ယှဉ်နိုင်ပါ့မလဲ” ဟု နိုဝင်ဘာ ၂၄ ရက်က ပြောကြားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပြည်တွင်းစီးပွားရေး ထိပ်တန်းကုမ္ပဏီများ
ဖြစ်သည့် ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီများ၏ တန်ချိန် ထောင်ချီဆံ့သော ဆီတင်သဘောင်္ကြီးများဖြင့် တရားမဝင် မှောင်ခိုတင်သွင်းခဲ့ကြောင်း ဒေါက်တာဝင်းမြင့်က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က
“ကျကျနန လေ့လာပြီး ရဲရဲရင့်ရင့် တင်ပြလိုက်တာပါ။ လောင်စာဆီနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဘီလီယံနဲ့ချီပြီး နစ်နာနေတာတွေကို
ထောက်ပြခဲ့တယ်။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို အဖြေရှာရမယ်။ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ် ဆိုတာကို ဖော်ထုတ်ရမယ်။ ဘယ်လိုပြုပြင်ရမယ် ဆိုတာကို ရှာဖွေရမှာပေါ့” ဟု ပြောကြားသည်။
ဒေါက်တာဝင်းမြင့် တင်သွင်းသည့် အဆိုနှင့်ပတ်သက်ပြီးစီး/ကူး ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းမြင့်၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
မောင်မောင်သိန်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်
ကျော်ကျော်ထွန်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ရှင်းလင်းရာတွင် “၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်သုံးဆီတင် သဘောင်္များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တားဆီးစစ်ဆေးပိုင်ခွင့်မရှိ ဟူသည့် အမိန့်ကြောင့် အဆိုပါ တရားမဝင် စက်သုံးဆီ တင်သွင်းနေသည့် သဘောင်္များအား စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း” ပါဝင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ဒေါက်တာဝင်းမြင့်၏ အဆိုကိုမူ ‘တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်
နေမှုနှင့် တရားမဝင်ခိုးထုတ်နေမှုများအား ပြည်ထောင်စုအဆင့် ကော်မတီ
တစ်ရပ် ဖွဲ့စည်းပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်’ ဟု လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ု့Khit Lu Nge

0 comments:
Post a Comment