Pages

Thursday, November 29, 2012

ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်အချို့ ကိုးနှစ်ကျော် ရပ်ဆိုင်းခံခဲ့ရသော ရိုးမဘဏ် တစ်ကျော့ပြန် လုပ်ကိုင်ခွင့်ရရှိ



Thursday, 29 November 2012

ကိုးနှစ်ခွဲခန့် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ကိုင်ခွင့်အချို့ ရပ်ဆိုင်းခံခဲ့ရသော ရိုးမဘဏ်အား လုပ်ငန်းများ

ပြန်လည်လုပ်ကိုင်ခွင့် ပြု
လိုက်ပြီးဖြစ်ကြောင်း သိရသည်။

''ကိုးနှစ်ခွဲလောက် ရပ်ဆိုင်းခံ ထားခဲ့ရတော့ပုံမှန်ပြန်ဖြစ်အောင် ဘဏ်လုပ် ငန်းတွေ ပြန်လုပ်နိုင် အောင် ပြင်ဆင်နေတယ်။ ကွန်ပျူ တာပိုင်း၊ နည်းပညာပိုင်းတွေကို အဆင့်မြှင့်တင်နေပါတယ်''ဟု ရိုးမ ဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

၂ဝဝ၃ ခုနှစ်တွင် ဗဟိုဘဏ် မှ ဥပဒေချိုးဖောက်သည်ဟုဆိုကာ အာရှဓနဘဏ်၊ မြန်မာမေဖလားဝါး ဘဏ်နှင့် မြန်မာယူနီဗာဆယ်ဘဏ် အပါအဝင် ဘဏ်ကိုးဘဏ်တို့သည် လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ အ ချက်အချို့ကို တားဆီးခြင်းခံခဲ့ရ သည်။

၎င်းတို့အထဲမှ ရိုးမဘဏ် သည် ပြည်တွင်းငွေပို့ငွေလွှဲလုပ်ငန်း တစ်ခုသာ လုပ်ကိုင်ခွင့်ရနေပြီး ယခုနှစ်တွင် ဘဏ်လုပ်ငန်းများပြန် လည် လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ် ကြောင်း ဗဟိုဘဏ်မှ သိရသည်။

လက်ရှိအချိန်တွင် ရိုးမဘဏ် အနေဖြင့် အပ်ငွေလက်ခံခြင်း၊ စာ ရင်းသေ အပ်ငွေ၊ စာရင်းရှင်အပ်ငွေ များ အကောင့်ဖွင့်နိုင်ခြင်း၊ ငွေလဲ ကောင်တာ ဖွင့်လှစ်ခြင်း၊ ပြည်တွင်း ငွေပို့ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခြင်း များကို ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

''MPU (ဈေးဝယ်ကတ်)ထဲကို မဝင်ရသေးဘူး။ အရင်ကစာရင်းရှင် အပ်ငွေ
လက်မခံရသေးတော့ ကတ် လည်း သုံးမရသေးဘူးလေ။ အခု တော့ အားလုံးရပြီဆိုတော့ MPU ကို ဝင်မှာပါ''ဟု အထက်ပါပုဂ္ဂိုလ် က
ပြောသည်။

Popular Myanmar News Journal
8

0 comments:

Post a Comment