Tuesday, November 27, 2012
၂၀၁၃ ခုနှစ်တွင် ဖြန့်ချိမည့် Firefox OS အတွက် app developer များကို အထောက်အကူ ဖြစ်စေမည့် browser အခြေခံ Firefox OS simulator ကို Mozilla မ
ှ ဖြန့်ချိပေးခဲ့သည်။
အဆိုပါ Firefox OS simulator ကို r2d2b2g ဟုခေါ်သော Firefox
add-on သစ်အနေဖြင့် ဖြန့်ချိပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် desktop browser ပေါ်တွင် Firefox OS ကို အသုံးပြုနိုင်စေမည်ဖြစ်သည်။
Firefox OS simulator ကို developer များအတွက် အထောက်အကူ
ပြုစေမည့် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိထားခြင်းဖြစ်ပြီး လက်ရှိတွင် version 0.7 အဖြစ် ဖြန့်ချိထားကြောင်း၊ version 1.0 တွင်မူ add-on မှာ OS သစ်အတွက် deverloper များမှ app များအလွယ်တကူဖန်တီးရာတွင် တည်ငြိမ်မှုရှိစေမည်ဖြစ်ကြောင်း Mozilla မှ ၎င်း၏ blog post တွင်
ရေးသားဖော်ပြခဲ့သည်။
Mozilla အနေဖြင့် developer များ၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက်
ပြဿနာမရှိသော်လည်း ဈေးကွက်ထဲရှိ မိုဘိုင်း operating system များနှင့် ယှဉ်ပြိုင်အတွက် အခက်အခဲနှင့် တွေ့ကြုံရဖွယ်ရှိသည်။
မိုဘိုင်း operating system ဈေးကွက်တွင် Symbian ထွက်ခွာသွားပြီး
နောက် developer များမှာ iOS နှင့် Android အပေါ်တွင်သာ ပိုမို
အာရုံစိုက်လုပ်ဆောင်ကြကြောင်း၊ Windows Phone 8 နှင့် BlackBerry 10 တို့မှာလည်း developer များ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Internet Journal

0 comments:
Post a Comment