Thursday, 29 November 2012
ယခုဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကို ယနေ့(နိုဝင်ဘာ
၂၉ရက်)တွင်ကျင်းပလိုက်သည်။
ယင်းဥပဒေကြမ်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယခုလ ၃၀ ရက်နေ့တွင် ဆွေးနွေးလိုသောကိုယ်စားလှယ်
များမှ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ က ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၂.၁၃ ဘဏ္ဍာနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ
ငွေစာရင်းတွင် ရငွေ ၁၃၄ . ၅၀၂ ဘီလီယံရှိပြီး ၊သုံးငွေ ၂၂၀.၁၇၉ဘီလီယံ
ရှိကြောင်း၊သို့ဖြစ်၍ လိုငွေ ၈၅. ၆၇၇ဘီလီယံပေါ်ပေါက်နေရာ ပြည်ထောင်စု
ဘဏ္ဍာရန်ပုံငွေမှ ၈၄. ၉၂၆ဘီလီယံ တောင်းခံရရှိ၍ နောက်ထပ် ချေးယူ
ဆောင်ရွက်ရန် ၇၅၁ သန်း သာလိုအပ်ပါကြောင်းဘဏ္ဍာခွန်ဝန်ကြီးက
လွှတ်တော်သို့တင်ပြခဲ့သည်။
Popular Myanmar News Journal

0 comments:
Post a Comment