Pages

Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ မထွက်ခွာမီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်

၁။ လက်ပံတောင်းစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် အမြန်ဆုံးဖွဲ့စည်းပြီး စနစ်တကျ ပြဿနာကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း

၂။ အကြမ်းဖက်ခဲ့ခြင်း ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ခြင်းအားလည်း အမြန်ဆုံးဖော်ထုတ်ရမည်ဖြစ်ကြောင်း

၃။ သံဃာတော်များအားနှင့် ဒဏ်ရာရပြည်သူများအားလည်း တောင်းပန်ရန်လိုကြောင်း

၎။ ဖမ်းတာဆီးတာရှိရင်လည်း သူ့ကိုပြောနိုင်ကြောင်း တာဝန်ယူနိုင်ကြောင်း

၅။ တရုတ်ကို ကျေးဇူးရှင်အဖြစ် မမြင်ဘဲ အိမ်နီးချင်း မိတ်ဆွေအဖြစ်သာ သတ်မှတ်လိုကြောင်း
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကွဲကွာပြီးပြောင်းနေလို့ မရတဲ့အတွက် မိတ်ဆွေကောင်းဖြစ်ရန် ကြိုးစားဖို့လိုကြောင်း

၆။ ရွာသူရွာသားတွေရဲ့ မိမိတို့ဒေသကို ကာကွယ်လိုတဲ့ စောင့်ရှောက်လိုတဲ့ တိုးတက်စေလိုတဲ့စိတ်ဟာ သဘာဝကျကြောင်း
၇။ ဘက်ပေါင်းစုံရဲ့ အသံကို နားထောင်ပြီး အားလုံးအတွက် အဆင်ပြေစေမယ့် ညှိုနှိုင်းသဘောတူညီချက်ရအောင် ကြိုးစားသွားမှာဖြစ်လို့ မီဒီယာများကလည်း ကူညီပေးရန်လိုကြောင်း

ပြောကြားသွားခဲ့ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=avJCx3VYsKE
Zaw Min Oo

0 comments:

Post a Comment