Pages

Thursday, November 29, 2012

‎"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။

"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။

ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မ
ရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့်
ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။

သူတို့မှာ နိုင်ငံသား အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့
ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။

နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့
ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။
ဒီအဆင့်တွေကို ကျွန်တော် ပြောပြစရာ လိုမယ် မထင်ပါဘူး။
အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့
သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊

ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရော
သေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊
ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာေ
တွေအများကြီး ရှိပါတယ်။

နာက် တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင် မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန်
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့
ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့ ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။

နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုး
ကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။

အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့
မရပါဘူး။ ဒါကိုလည်းပြည်ူသူလူထုကလက်ခံလာအောင် စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

စိတ်လိုက်မာန်ပါ နဲ့ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး"

(ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

Posted by EMG

အေးချမ်းမွန်မှ  Zaw Win တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Win

ဘယ်ကိစ္စပဲ
ဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မ

0 comments:

Post a Comment