ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် နိုဝင်ဘ၃ရက်စနေနေ့က ပထမဆုံးအကြိမ် ကချင်လူငယ်များ ဦးဆောင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးအမြင်သဘောထားနှင့် ပြည်သူလူထုအမြင်ဆွေးနွေးပွဲတစ်ခုကို (Peace Of Life) ခေါင်းစဉ်ဖြင့် ဆွေးနွေး ဖလှယ်ခဲ့ကြောင်းသိရသည်။
“ဒီနေ့ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်နေတယ်ဆိုတာတွေ။ တစ်ယောက်နဲ့တစ်ယောက် ရဲ့အမြင်တွေ အမြင်သဘောထားတွေ ဆွေးနွေးဖလှယ်သွားတယ်။ ငြိမ်းချမ်းရေးရရှိဖို့ အရေးကြီးနေတယ်။ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကိုပါ ဆွေးနွေးသွားမယ်။” ဟု ဆွေးနွေးပွဲ ဦးဆောင်သူ နော်လီ KNG ကချင်သတင်းဌာန သို့ပြောသည်။
၈၈ ကချင်ကျောင်းသားခေါင်းဆောင် ကိုအောင်ဝါကလည်း “ငြိမ်းချမ်းရေးဟာ တရားမျှတမှုနဲ့အတူရှိရမယ်” ဟုဆက်ဆိုသည်။
၎င်းဆွေးနွေးဖလှယ်ပွဲသို့ လာရောက်သူများကို ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် ပန်းချီ၊ ကာတွန်းများပြသပြီး ငြိမ်းချမ်းရေး သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
Pace Of Life ဆွေးနွေးပွဲတွင် ဒေသခံလူငယ်အများစုနှင့် ခရစ်ယာန်အသင်းတော်ဆရာ/မများနှင့် စုစုပေါင်း ၁၀၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြောင်းသိရသည်။
၎င်းဆွေးနွေးဖလှယ်ခြင်းအစီစဉ်ကို မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲအများဆုံးဖြစ်ပွားသည့်နယ်မြေဖြစ်သော ဝိုင်းမော်မြို့နယ်တွင် ပြုလုပ်ခြင်းဖြစ်သည်။
0 comments:
Post a Comment