နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိမ်း၊ ဦးအောင်မင်း တို့နဲ့ ပတ်သက်ပြီး Social Network Facebook မှ ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတစ်ခုဖတ်ရပြီး ဒီစာကို ရေးသားရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ နည်းနည်းတော့ လွဲနေပြီလို့ထင်တယ်။ ဦးစိုးသိမ်း၊ ဦးအောင်မင်းတို့အနေနဲ့ သာမန်ဝန်ကြီးတွေထက်ပိုပြီး အာဏာပါဝါရှိတယ်ဆ
ိုတာ မှန်ကောင်း မှန်ပါ လိမ့်မယ်။ ကျွန်တော့်အနေနဲ့ အဲဒီဝန်ကြီးနှစ်ပါးဟာ သမ္မတကို ကြိုးကိုင်ညွှန်ကြားနေတဲ့လူေ တွ၊ သမ္မတ ထက်ပိုပြီး အာဏာပါဝါရှိတဲ့သူတွေလို့မမြ င်ဘဲ သမ္မတကြီးအားကိုးလို့ရတဲ့သူ၊ သမ္မတကြီးကို နောက်က ထောက်ပံ့ပေးနေတဲ့သူတွေလို့ မြင်စေချင်ပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးအားနည်းချက်တွေကိုတော့ ထုတ် မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်အစိုးရလက်ထက်က ၀န်ကြီးအားလုံးလိုလိုဟာ ငွေကြေးကိစ္စတွေနဲ့ဆက်နွယ်မှု တွေ အနည်းနဲ့အများ ရှိခဲ့ကြလို့ပါပဲ။
လက်ရှိနိုင်ငံတော်သမ္မတကြီး ကမ္ဘာ့အလယ်မှာပေါ်လွင်ထင်ရှား လာတာ၊ နိုင်ငံတကာက အာရုံစိုက် လာတာ၊ ဘယ်တုန်းကမှမကြုံဖူးတဲ့အတို င်း နိုင်ငံခေါင်းဆောင်တွေ တဖွဲဖွဲနဲ့မြန်မာပြည်ကိုလာလ ည်ကြတာ အခုနောက်ဆုံး အမေရိကန်သမ္မတ အိုဘားမားရဲ့ အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ပထမဦးဆုံး သမိုင်းဝင်မြန်မာနိုင်ငံခရီးဖြစ်လာတာတွေဟာ ဒီဝန်ကြီးနှစ်ပါးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဆိုတာ မမှားပါဘူး။
ဝန်ကြီး နှစ်ယောက်အနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တာတွေ ယခင်အစိုးရ အဆက်ဆက်က ဖမ်းဆီးပြီးနှစ်ရှည်ထောင်ချ ထားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေနဲ့ 
တွေ့ဆုံဆွေးနွေးခဲ့တာကော၊ ပြည်ပမှာရောက်ရှိနေတဲ့ ယခင်တုန်းက အစိုးရကို
ဆန့်ကျင်သူများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန် စတဲ့
ကျောင်းသားခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ခဲ့တာဆိုရ င်လည်း ဒီဝန်ကြီးနှစ်ပါးရဲ့ လုပ်ကိုင်ဆောင်ရွက်မှုမကင်းပါဘူး။ သူတို့နှစ်ယောက်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ေ တွမှာလည်း
အတိုင်း အတာတစ်ခုအထိ အောင်မြင်နေတယ်ဆိုတာလည်း အားလုံးသိကြမှာပါ။
နောက်ဆုံးပြောရရင် နော်ဝေ နိုင်ငံအထိလိုက်သွားပြီး
သမ္မတကြီးဦးသိန်းစိန်ငြိမ်း ချမ်းရေးနိုဗယ်လ်ဆုရဖို့တော င်ကြိုးပမ်းခဲ့ကြပါသေးတယ်။
အခုအချိန်မှာ သူတို့နှစ်ယောက်ဟာ အမေရိကန်ကို အားကိုးတယ်၊ အနောက်ကို မျှော်နေတယ် ဆိုပေမဲ့လည်း လက်ရှိကမ္ဘာကြီးရဲ့အခြေအနေကိုအားလုံးလဲသိကြမှာပါ။
အခုအချိန်အခါမှာက အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ အခရာ
အကျဆုံးပါပဲ။ အခုကမ္ဘာ့နိုင်ငံတွေအားလုံး သူနဲ့အဆင်ပြေရင် တိုးတက်မယ်။
အဆင်မပြေရင် နိုင်ငံတွင်းဆင်းရဲတွင်း နက်ရင်နက် ဒါမှမဟုတ်ရင်လည်း စစ်ပွဲတွေ
ဖြစ်ပွား နေကြမယ်ဆိုတဲ့ သာဓကတွေလည်း တွေ့မြင်နေကြရမှာပါ။
စီးပွားရေးပညာရှင်တစ်ဦးက နိုင်ငံတစ်နိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေတွေ့လာရရင် အဲဒီနိုင်ငံက မကြာခင် တိုးတက်ချမ်းသာလာတော့မယ်လို့ တောင်
ဆိုထားပါတယ်။ ၎င်းဆိုထားတဲ့အတိုင်း နိုင်ငံတိုးတက်ဖို့အတွက် အမေရိကန်ရဲ့
အကူအညီအထောက်အပံ့ နဲ့ ထောက်ခံမှုဟာ အရေးကြီးကြောင်းကို သိကြမှာပါ။
ဝန်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့နီးစပ်ချင်တယ်ဆိုတဲ့
သမ္မတရဲ့လိုလားချက်ကို အကောင်အထည် ဖော်ပေးတဲ့သဘောပါပဲ။
ကျွန်တော်တို့ကိုတရုတ်က ကူညီတယ်ဆိုတာကလည်း သဘောရိုးမဟုတ်ဖို့များ ပါတယ်။
တရုတ်ရဲ့ကူညီမှုတွေကြည့်ရင်အ သားလိုလို့အရိုးတောင်းတဲ့ပုံစံမျိုးတွေ့ရမှာပါ။ အခုလည်း တရုတ် ခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်ကုန်ပြီ။ နောက်တက်လာမဲ့ခေါင်းဆောင်တွေက ကျွန်တော်တို့နိုင်ငံ အပေါ်ဘယ်လိုသဘောထားမလဲမသိသေး ဘူး။ လက်ရှိအခြေအနေအရ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော် တို့မြန်မာနိုင်ငံဟာကိုယ့်ေ ခြထောက်ပေါ်ကိုယ်ရပ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမ လွယ်ကူတဲ့ကိစ္စပါ။
ဒီလိုအခြေ အနေမျိုးမှာကို နိုင်ငံကိုထောက်ခံ၊ ထောက်ပံ့ပေးမဲ့
အင်အားကြီးနိုင်ငံရဲ့ Back up လိုပါတယ်။ ဒါကြောင့်လဲ ဒီဝန်ကြီးနှစ်ပါးဟာ
အမေရိကန်နဲ့ဆက်ဆံရေး ကောင်းမွန်လာအောင်ကြိုးပမ်း နေတာပါ။ သမ္မတကြီးက အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ချင်တယ် ဆိုတာလည်း တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာနဲ့ပါ။
သမ္မတကြီး အမေရိကန်သွားတဲ့ ခရီးစဉ်မှာ ၀န်ကြီးနှစ်ပါး အတူတကွလိုက်ပါပြီး သမ္မတကြီးရဲ့ ခရီးကို အရောင်တောက်ပအောင် အရောင်တင်ပေးခဲ့တာလည်း သူတို့ပါပဲ။ အမေရိကန်ခရီးစဉ်အတွင်း ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာတွေ၊ ဆန္ဒပြနေတဲ့ ကချင်လူငယ်တွေနဲ့ တွေ့ဆုံခဲ့တာ တွေဟာ အရင်တုန်းက လုံးဝမမြင်ဘူးတဲ့ မြင်ကွင်းတွေပါ။ ဒါ့အပြင် ၀န်ကြီးနှစ်ပါးဟာ အမေရိကန် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ တို့နဲ့ ဖွဲ့စည်း ထားတဲ့ Egress အဖွဲ့နဲ့အလွန်ပင်ရင်းနှီးကြ ပြီး သမ္မတကြီးရဲ့အမေရိကန်ခရီးစဉ် ကို အဆင်ပြေချောမွေ့အောင်သူတို့ နဲ့ပူးပေါင်း
ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒေါက်တာကျော်ရင်လှိုင် တစ်ယောက်
အမေရိကန်ခရီးစဉ်မှာ သမ္မတကြီးကို စကားပြန်တောင် လုပ်ပေးခဲ့ပါသေးတယ်။
ဒါ့အပြင် ၀န်ကြီး ဦးစိုးသိန်းဟာ တပ်က စီးပွားရေးဦးပိုင်နဲ့ ပတ်သက်ပြီး
နေပြည်တော် MCC ခန်းမမှာ ကျင်းပခဲ့တဲ့ စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာ လူအများရှေ့ ပြောဆိုဝေဖန်ခဲ့တဲ့ စကားတွေဟာလည်း သူတို့ကိုမြေတောင်မြှောက်ပေးခဲ့တဲ့ အရင်က စစ်တပ်ကလူကြီးတွေနဲ့ စစ်တပ်ကို သစ္စာဖောက်ရာ၊ ကျေးဇူးကန်းရာရောက်နေပေမဲ့လ ည်း နိုင်ငံတော် အကျိုးရှိအောင် လုပ်နေတဲ့ကိစ္စလို့ပဲ ပြောပါရစေ။
အခုဆိုရင် Peace Centre တစ်ခုကိုတည်ဆောက်နိုင်ပြီး နိုင်ငံတကာက အလှူငွေတွေလည်း ရအောင် ယူပေးနိုင်ပါပြီ။ ယခင်က ငြိမ်းချမ်းရေးဆွေးနွေးရာမှ အစိုးရဘက်က လုံးဝမသုံးခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့စကားကိုလည်း ဦးအောင်မင်းထံက ကြားနေရပါပြီ။ ၀န်ကြီး ဦးစိုးသိမ်း ဆိုရင်လည်း နိုင်ငံတကာမှာ အပြောကောင်းကောင်းနဲ့ရဲရဲဝံ့ ဝံ့ ပြောဆိုနိုင်လာသလို မိမိကိုယ်ကို နယ်စည်းမခြားဝန်ကြီး လို့ သတ်မှတ်ထားတဲ့ ၀န်ကြီးဦးအောင်မင်းဆိုရင်လ ည်း ငြိမ်းချမ်းရေးအတွက် အိမ်ရှေ့ပေါက်ကတစ်မျိုး၊ နောက်ဖေးပေါက်ကတစ်ဖုံ ဆိုသလို ပြည်ပကိုထွက်ပြီး ဆောင်ရွက်နေတာကိုတွေ့ရမှာပါ ။
ဒါကြောင့် ဒီဝန်ကြီးနှစ်ဦးအနေနဲ့ အတိတ်ကဘယ်လိုပဲ မကောင်းတဲ့သတင်းရှိနေပါစေ၊ ၎င်းတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ မွေးသဖခင်ကို သစ္စာမရှိတဲ့သူ၊ ကျေးဇူးကန်းတဲ့သူတွေဖြစ်နေပါစေ၊ အမေရိကန် ရဲ့လူလို့ပဲဆိုဆို အခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးသူရဲကောင်းတွေအနေနဲ့
တွေ့မြင်ရမှာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ကို သမ္မတကြီးကို
နောက်ကွယ်ကကြိုးကိုင်နေတဲ့ လူတွေလို့မမြင်ဘဲ သမ္မတကြီး အားကိုးအားထားရတဲ့လူ၊
သမ္မတကြီးကိုအထောက်အကူပြုနေတဲ့ King Maker ပရောဟိတ်ကြီး တွေလို့ ရှုမြင်စေချင်ပါတယ်။
လက်ရှိနိုင်ငံတော်သမ္မတကြီး ကမ္ဘာ့အလယ်မှာပေါ်လွင်ထင်ရှား
ဝန်ကြီး နှစ်ယောက်အနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တာတွေ ယခင်အစိုးရ အဆက်ဆက်က ဖမ်းဆီးပြီးနှစ်ရှည်ထောင်ချ
အခုအချိန်မှာ သူတို့နှစ်ယောက်ဟာ အမေရိကန်ကို အားကိုးတယ်၊ အနောက်ကို မျှော်နေတယ် ဆိုပေမဲ့လည်း လက်ရှိကမ္ဘာကြီးရဲ့အခြေအနေကိ
ဝန်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့နီးစပ်ချင်တယ်ဆိ
သမ္မတကြီး အမေရိကန်သွားတဲ့ ခရီးစဉ်မှာ ၀န်ကြီးနှစ်ပါး အတူတကွလိုက်ပါပြီး သမ္မတကြီးရဲ့ ခရီးကို အရောင်တောက်ပအောင် အရောင်တင်ပေးခဲ့တာလည်း သူတို့ပါပဲ။ အမေရိကန်ခရီးစဉ်အတွင်း ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာတွေ၊ ဆန္ဒပြနေတဲ့ ကချင်လူငယ်တွေနဲ့ တွေ့ဆုံခဲ့တာ တွေဟာ အရင်တုန်းက လုံးဝမမြင်ဘူးတဲ့ မြင်ကွင်းတွေပါ။ ဒါ့အပြင် ၀န်ကြီးနှစ်ပါးဟာ အမေရိကန် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ တို့နဲ့ ဖွဲ့စည်း ထားတဲ့ Egress အဖွဲ့နဲ့အလွန်ပင်ရင်းနှီးကြ
အခုဆိုရင် Peace Centre တစ်ခုကိုတည်ဆောက်နိုင်ပြီး နိုင်ငံတကာက အလှူငွေတွေလည်း ရအောင် ယူပေးနိုင်ပါပြီ။ ယခင်က ငြိမ်းချမ်းရေးဆွေးနွေးရာမှ
ဒါကြောင့် ဒီဝန်ကြီးနှစ်ဦးအနေနဲ့ အတိတ်ကဘယ်လိုပဲ မကောင်းတဲ့သတင်းရှိနေပါစေ၊ ၎င်းတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ မွေးသဖခင်ကို သစ္စာမရှိတဲ့သူ၊ ကျေးဇူးကန်းတဲ့သူတွေဖြစ်နေပ



0 comments:
Post a Comment