Friday, 16 November 2012
ကျန်ရှိနေသေးသော လေလံတင်ကားအမျိုးအစားများအာ
ထိုကဲ့သို့ လက်ခံလိုက်သည့်အတွက် ကားဈေးကွက်အတွင်း အပြောင်းအလဲများစွာ ရှိလာမည်ဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ပြောဆိုနေကြသည်။
လေလံကား အမျိုးအစားအားလုံးအပ်နှံခြင်းကို လက်ခံလိုက်သည့်အတွက် ကားဈေးကွက်ကို များစွာ ထိခိုက်ပြီး အရောင်းစင်တာများ ပိုမိုအရောင်း
သွက်လာနိုင်ကြောင်း ကားပွဲစားများက ခန့်မှန်းနေကြ ခြင်း ဖြစ်သည်။
“အခုဆိုရင် လေလံကားတွေ အမျိုးအစားအကုန် တင်သွင်းခွင့်ပြုမယ်။ ပြီးတော့ ဘ အက္ခရာတွေ ကလည်း နောက်မကြာခင် လက်ခံတော့မှာ ဆိုတော့ ကားဈေးကွက်အတွက်တောင် စိုးရိမ်ရတယ်။ စလစ်ဈေးတွေကတော့ တော်တော်ကို ကျသွားနိုင်တယ်။ အခုတောင် ဈေးကွက်မှာက မရောင်းရသေးတဲ့ စလစ်ဈေးတွေက ပုံနေတာလေ။” ဟု ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ကိုထွန်းက ပြောသည်။
လေလံ ပြန်လည် မှတ်ပုံတင်ယာဉ် များဖြစ်သည့် MAZADA အုပ်စုဝင် B360၊ B600၊ Familla အမျိုးအစား ယာဉ်များကို ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁၂) ရက် နေ့တွင် အပ်နှံခြင်းကို လက်ခံ ခဲ့ပြီး ကျန်ရှိသည့် MAZADA အုပ်စုဝင် ယာဉ်အမျိုးအစား အားလုံးကို အောက်တိုဘာလ(၁၆)ရက် နေ့၌ ဖျက်သိမ်းအပ်နှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်သည်။
လက်ရှိ ကားဈေးကွက်အတွင်း ကားဈေးနှုန်း ကျဆင်းနေသော်လည်း ဟံသာဝတီ ကားဈေးကွက်တွင် မူ ကားအဝယ်နည်းနေကြောင်း သိရသည်။
“ အခု နှစ်လ သုံးလလောက် နားပြီးတော့ ကားဈေးကွက် အခြေ အနေကြည့်ရဦးမယ်၊ ကားဈေးတွေကလည်း ကျပြီးရင်း ကျနေတယ်လေ၊ အခုဆို ကားတွေအားလုံး (၁၅) သိန်းက နေပြီးတော့ (၂၅) သိန်း ၀န်းကျင် အထိ ကျလာတယ်။ နောက်ပိုင်းလည်း ဆက်ကျလောက်တယ်” ဟု ကိုဇော်က ပြောသည်။
ယခု တစ်ကြိမ်တွင်မူ လေလံကားအားလုံးအပ်နှံခြင်းကို လက်ခံခဲ့ခြင်းဖြစ်
သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လက်ခံခြင်းတို့ ပြုလုပ်ရာတွင် ကားဈေးကွက်ကို မထိခိုက်သော်လည်း ယခု တစ်ကြိမ်သည် လေလံကား အားလုံးကို လက်ခံခြင်းဖြစ်သည့်အတွက် ကားဈေးကွက်အတွင်း များစွာ ထိခိုက်မှုရှိလာနိုင်သည်ဟု ကားပွဲစားများက စိုးရိမ်နေကြသည်။
“ကျွန်တော်တို့ဆီမှာတော့ သိပ်ပြီး သက်ရောက်မှု မရှိပါဘူး။ ရှိရင်လည်း အကောင်းဘက်ကပဲ ဖြစ်နိုင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စလစ်တွေ၊ ဒီလို ယာဉ်အိုယာဉ်ဟောင်း အပ်နှံတာတွေ ရှိလာတာနဲ့ အမျှ အရောင်းအ၀ယ်ကလည်း ကျွန်တော်တို့လို Car Show Room မှာပဲ ဖြစ်လာနိုင်လောက်တယ်။ ဒါပေမဲ့ ဒီမှာက စလစ်ပါ ရောင်းတာ
ဆိုတော့ စလစ်ဈေးနဲ့ပတ်သက်ရင်တော့ နည်းနည်း ထိခိုက် နိုင်တယ်” ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုက ပြောသည်။
ပထမအဆင့် အဖြစ် ၂၀၁၁ ခုနစ် စက်တင်ဘာလ (၉) ရက်နေ့တွင် မှတ်ပုံတင်သက်တမ်း အနှစ်(၄၀) ကျော် စ၊ ဆ၊ ဇ အက္ခရာ ယာဉ်များကို လက်ခံခဲ့သည်။ ဒုတိယအဆင့် အဖြစ်၂၀၁၁ခုနစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အနှစ်(၃၀) ကျော်မှ (၄၀) နှစ် အတွင်း ရှိ ဈ၊ ညအက္ခရာ များကို လည်းကောင်း၊ တတိယအဆင့်အဖြစ်၂၀၁၂ ခုနစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် အနှစ်(၂၀) ကျော်မှအနှစ် (၃၀) အတွင်း ဏ၊ ဗ အက္ခရာ ယာဉ်များ အထိ ဖျက်သိမ်းရန် အပ်နှံစေခဲ့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
လေလံကား အမျိုးအစားအားလုံးအပ်နှံခြင

ယခု တစ်ကြိမ်တွင်မူ လေလံကားအားလုံးအပ်နှံခြင်းက

0 comments:
Post a Comment