Pages

Friday, November 16, 2012

အိမ်ထောင်သက် (၈၈) နှစ်ကြာမှ မင်္ဂလာ ဓာတ်ပုံ ရိုက်ကူး ခဲ့ရသည့် တရုတ် လူမျိုး ဇနီး မောင် နှံ



တရုတ် နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် အိမ်ထောင်သက် ၈၈နှစ် ကြာမှ မင်္ဂလာ ဓာတ်ပုံ ရိုက်ကူး ခဲ့ရ ကြောင်း သိရသည်။

အဆိုပါ ဇနီး မောင်နှံမှာ အသက် ၁ဝ၁ နှစ်အရွယ်ရှိ ဘိုးဘိုး ဝူကုန်ဟန်နှင့် အသက် ၁ဝ၃ နှစ် အရွယ်ရှိ ဘွားဘွား ဝူဆိုရှီ တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ၁၉၂၄ ခုနှစ်က လက်ထပ် ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦး၏ အိမ်ထေ

ာင် သက်မှာ ဆယ်စုနှစ် ကိုးစု နီးပါး ကြာမြင့် ခဲ့ပြီး ဖြစ်သည်။

၎င်းတို့ နှစ်ဦး လက်ထပ် စဉ်က တရုတ် နိုင်ငံတွင် ကင်မရာများ ခေတ်မစား သေးသောကြောင့်၎င်းတို့ ဇ နီး မောင်နှံ၏ မင်္ဂလာ ဓာတ်ပုံ ရိုက်ကူး လိုသည့် အိပ်မက်မှာ ယခုမှပင် အမှန် တကယ် ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ ဝူတို့ ဇနီး မောင်နှံသည် စီချွမ်ပြည်နယ် နန်ကုန်း မြို့တွင် နေထိုင် လျက်ရှိပြီး ဒေသ ဆိုင်ရာ ဓာတ်ပုံ ကုမ္ပဏီ တစ်ခုက ၎င်းတို့အား မင်္ဂလာ ဓာတ်ပုံ အယ်လ်ဘမ် ရိုက်ကူးရန် ကမ်းလှမ်း ခဲ့ခြင်း ဖြစ်သည်။

ဝူတို့ ဇနီး မောင်နှံသည် မင်္ဂလာ ဓာတ်ပုံ ရိုက်ကူး ရသည်ကို ပျော်ရွှင်လျက် ရှိပြီး မင်္ဂလာ ဝတ်စုံကို အပြည့်အစုံ ဝတ်ထား ခဲ့သည်။ ၎င်းတို့ နှစ်ဦးကို တွေ့မြင် ရသည်မှာမင်္ဂလာ ဆောင်မည့် သတို့သား၊ သတို့သမီး အသစ် စက်စက်များ ကဲ့သို့ ကြည်နူး ပျော်ရွှင်လျက် ရှိကြောင်း ဓာတ်ပုံ ဆရာများက ပြောကြားခဲ့ သည်ဟု သိရသည်။

0 comments:

Post a Comment