Pages

Sunday, November 25, 2012

ရန်ကုန်ထက် မန္တလေး အိမ်ခြံမြေ အငှားဈေးကွက် ကို နိုင်ငံခြားသားများ ပေါက်ဈေးထက် ပိုပေး ဟုဆို



Monday, 26 November 2012

နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု ဥပဒေ ထွက်ရှိပြီး နောက်ပိုင်း မန္တလေး အိမ်ခြံမြေ
ဈေးကွက် ပြန်လှုပ် လာချိန်၌ နိုင်ငံခြားသား လုပ်
ငန်းရှင် များက ရန်ကုန်ထက် မန္တလေးတွင် ငွေကျပ်သိန်း ဆယ်ဂဏန်း ပိုပေး၍ ငှားရမ်းမှု များရှိကြောင်း မန္တလေး အခြေစိုက် အတွေ့အကြုံ (၁ဝ)နှစ် ကျော်ရှိ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်ချိုက နိုဝင်ဘာလ ၂၄ ရက် နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

မန္တလေး မြို့တွင်းနှင့် မြို့ပြင် အနီး တစ်ဝိုက်ရှိ အိမ်ခြံမြေများကို ကုမ္ပဏီများ၊ ဟိုတယ်များ၊ မော်တော်ကား အရောင်း ပြခန်းများ ဖွင့်လှစ်ရန် နိင်ငံခြားသား လုပ်ငန်းရှင်များ အဓိက ငှားရမ်း လိုကြကြောင်း ဒေါ်ချိုက ဆိုသည်။

"နိုင်ငံခြားသား တွေက အငှား ပိုများတယ်၊ ခု အကုန် မရင်းသေးဘဲ အနေ အထားကို အရင် ကြည့်တဲ့ သဘော ပါပဲ။ ပြည်တွင်းနေ တရုတ် လူမျိုး တွေနဲ့ လူမျိုးခြား တွေက တစ်ဆင့်ပေါ့၊ ငှါးကြတာ" ဟု အိမ်ခြံမြေ အကျိုးဆောင်
ဒေါ်ချိုက ထပ်မံဆိုသည်။

နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု ဥပဒေ ထွက်ပြီး သော်လည်း ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာ ထူးခြားမှု မရှိသော်လည်း အိမ်အငှား
ဈေးကွက်မှာ ယခင်ထက် သွက်လာပြီး နိုင်ငံခြားသား လုပ်ငန်းရှင် များက ရန်ကုန် မြို့တွင်းနှင့် မြို့ပြင်ရှိ ကွန်ဒိုများကို ပိုမို ငှားရမ်း နေကြကြောင်း၊ ရန်ကုန် မြို့ရှိ ကွန်ဒို ( ဥပမာ- ပုလဲ ကွန်ဒို၊ ရွှေဟသာင်္ ကွန်ဒို) အငှား ဈေးကွက်မှာ တစ်နှစ် ငှားရမ်းခ ငွေကျပ်သိန်း (၂ဝ) ရှိကြောင်း ရန်ကုန်မြို့ ရှိ မိုးလွင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ဒေါ်မိုးမိုးထွန်းက ဆိုသည်။

"နိင်ငံခြားသား တွေလေ့လာရေး လာကြည့်တဲ့ အခြေအနေ ပဲရှိပါ သေးတယ်၊ ရန်ကုန်မြို့က သိပ် မထူးခြား သေးပါဘူး" ဟု ဒေါ်မိုးမိုးထွန်းက ဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ မန္တလေးမြို့ အိမ်ခြံမြေ အငှား ဈေးကွက်တွင် မန္တလေး မြို့တွင်း အဆောက်အအုံ ပါရှိပြီး မြေအကျယ် ပေ (၅ဝ' *၉ဝ) အား တစ်နှစ် ငှားရမ်းခ ငွေကျပ် သိန်း ၃ဝ နှင့် သိန်း ၇ဝ ကြား အတွင်း ပေါက်ဈေး ရှိပြီး မန္တလေး မြို့တွင်း အဆောက်အဦး ပါရှိပြီး မြေအကျယ်ပေ (၄ဝ' *၆ဝ) ကို တစ်နှစ်စာ ကျပ် ၃သိန်း အထက်တွင် ဈေးရှိကြောင်း၊ မြို့သစ်နှင့် အနီးတစ်ဝိုက် ၌ နံကပ် တိုက် အဆောက်အဦး ပါ ပေ(၃ဝ' *၄ဝ')အား တစ်နှစ် ငှားရမ်းခ ငွေကျပ် တစ်သိန်းခွဲ အထက်တွင် ရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

မန္တလေး အငှား ဈေးကွက်တွင် အဆောက် အအုံပါ မြေအကျယ် (၁၀၀) ပတ်လည်မှာ ယခင် စက်တင်ဘာ လကုန် အထိ ယင်းမြေ အကျယ်မှာ
ငွေကျပ်သိန်း (၂ဝ) ခန့်သာ ရှိသော်လည်း ယခု နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ အငှားဈေး ငွေကျပ် သိန်း (၃ဝ) အထက် ပေါက်ကြောင်း၊
ပေ(၄ဝ'*၆ဝ) မှာ စက်တင်ဘာ လက ကျပ် ၂သိန်း ခန့်သာ ရှိသော်လည်း ယခု နိုဝင်ဘာ လတွင် (၃)သိန်းနှင့် အထက်တွင် ရှိနေကြောင်း မန္တလေးမြို့ အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရှိ ရသည်။

The Voice Weekly
5

0 comments:

Post a Comment