Pages

Thursday, November 22, 2012

{{{ ဂုဏ်ပကာသန မင်္ဂလာများဟာ ၊ မင်္ဂလာ အစစ် တကယ်ဖြစ်စေရဲ့လား }}}



ထူးထူးခြားခြားလေးပါဗျာ ။ အများစုကတော့ တစ်သက်မှာ တစ်ခါပဲ မင်္ဂလာဆောင်ရတာဆိုတော့ ၊ ဘယ်လို ဟိုတယ်ကြီးမှာမှ ၊ ဘယ်လိုခမ်းခမ်းနားနားမှ ၊ ဘယ်လို သင်္ဂဟ တွေနဲ့ ပြည့်စုံမှ ၊ စသဖြင့် အကောင်းဆုံး မင်္ဂလာအရှိဆုံးတွေနှင့် နှစ်ပါးဂဟေ ဆက်ချင်ကြတာ ၊ ဂုဏ်တု ဂုဏ်ပြိုင်တွေပေါများလှတဲ့ လောကကြီးမှာ

အထူး အဆန်းလုပ်ပြီး ပြောစရာမလိုပါဘူး ခင်ဗျာ ။ ခုခေတ်မှာက နိုင်င

ံရေးခက် ၊ စီးပွားရေးက ကြပ်နေကြတဲ့ အချိန်မျိုးမှာ ၊ အချို့ဆိုလျှင် လှူချင်

တန်းချင် စိတ်ကလေး ရှိတာတောင် ချင့်ချင့်ချိန်ချိန်သုံးစွဲ နေရတဲ့ ကာလဆိုတော့လည်း ပရိဟိတ ဆိုတာကို လုပ်ကိုင်နေကြတဲ့ လူတွေ က တော်တော်

လေးရှားပါးလာကြတာ စိတ်မကောင်းစရာပါပဲ ။ ရုပ်ရှင်တွေ ၊ ဂီတတွေ ကအစ ယဉ်ကျေးမှုတွေ ကူးပြောင်းပြီး ၊ မီဒီယာ မျိုးစုံတို့မှ ဘာသာခြားတို့၏ သာသနာပြု

ဝါဒဖြန့်မှုတွေရဲ့ သက်ရောက်မှု ကလည်း အနည်းနှင့် အများဆိုသလို မြန်မာတို့ အတွက် သာယာမှု ၊ ရုပ်ဝတ္ထုတွေ၏ မာယာတွေအောက်မှာ ၊သူ့ထက်ငါ သာလွန်ချင်မှု

အစွဲအလန်းတွေနှင့် သဒ္ဓါတရားတွေ နည်းပါးလာကြတာ ကို ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ယဉ်ကျေးမှု စစ်စစ် ဖြစ်သော မင်္ဂလာဦး ဆွမ်းကျွေးခြင်း ၊ အလှူဒါန ပြုလုပ်ခြင်း

မိဘတို့အား ကန်တော့ခြင်းစသည့် ဓလေ့ ကလည်း တဖြည်းဖြည်း နည်းပါးလာကြတာ စိတ်မကောင်းစရာ အဖြစ် တွေ့မြင်နေရပါတယ် ခင်ဗျာ ။ မင်္ဂလာဧည့်ခံပွဲ ဟေ့..

ဆိုတာနှင့် အများစုကတော့ ဘယ်လို ဟိုတယ်ကြီးတွေမှာ ဆောင်ပြီး ဘယ်လို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက ပန်းကုံးချီးမြှင့်မှပဲ မင်္ဂလာပွဲအထမြောက် သလိုလို ၊

ဘယ်လို လူတွေကို ဖိတ်ကြားမှပဲ လက်ဖွဲ့ပစ္စည်းများများစားစား ရပြီး တွက်ချေကိုက် သယောင်ယောင်၊ ပကာသန မင်္ဂလာဆောင်ခြင်းတွေ ပြုပြီး ၊ မိဘတွေကို လူပုံအလယ်မှာ ပန်းခြင်း ကိုင်ခိုင်းပြီး ဟိုတယ်လျှောက်လမ်းမှာ မတ်တပ်ရပ်ခိုင်းတာ ၊ ဘယ်ကစတဲ့ ယဉ်ကျေးမှုရယ်လို့တော့ မသိပေမယ့် ၊ တကယ်ဆိုလျှင် မြန်မာ့ ယဉ်ကျေးမှုမှာတော့ မရှိခဲ့ဖူး ၊ မကြားခဲ့ဖူးပါ ၊ သင့်လည်းမသင့်တော်ပါဘူး ။ နှစ်ဖက်သော မိဘတွေ ကတော့ သားသမီးတွေ မင်္ဂလာမှုပြုတဲ့ အချိန် မှာ စိတ်အနှောင့်အယှက် မပေးချင်တာက တကြောင်း ၊ ခုခေတ်ကလည်း ခေတ်ပြောင်း စနစ်ပြောင်း ယဉ်ကျေးမှု တွေပြောင်း နေကြတော့လည်း မျက်စိလည်ပြီး မပြောသာ ၊ မငြင်းသာတော့တာ ပါမှာပေါ့လေ ။
မင်္ဂလာပွဲသိမ်းပြီးလို့လား မပြီးသေးပါဘူး ၊ အိမ်ပြန်ရောက်တာနှင့် ကမန်းကတမ်း အဝတ်အစားလဲလှယ်ပြီး ၊ လူပျိုည ဆိုလား အပျိုညဆိုလား ၊ (ဘိုလို ) ဒင်နာ ပွဲအတွက် ဘယ်ဟိုတယ်ရဲ့ မြက်ခင်းပြင်မှာ ၊ ဘယ်ကမ်းနား စားသောက်ဆိုင်ရဲ့ မြစ်ပြင်ကျယ်က လေညင်းခံပြီး ယစ်ရွှေရည်တွေနှင့် တပျော်တပါးစားသောက်ကြပြီး ၊ အိမ်အပြန်လမ်းမှာ တချို့ဆိုလျှင် မင်္ဂလာမှ အမင်္ဂလာဖြစ်သွားကြရတာလည်း စိတ်မကောင်းစွာ ကြားဖူး မြင်ဖူး ပါရဲ့ ။ ဒီလို သူတို့ ညနက် သန်းခေါင်ထိ သွားလာပျော်ပါးနေကြတာကို အိမ်က

မိဘတွေက စိတ်ပူစွာနှင့် နေနေကြရတာ သူတို့လေးတွေ မသိလိုက်၍သော်လည်းကောင်း ၊ မသိချင်ယောင်ဆောင်၍သော်လည်းကောင်း ကိုယ်ချင်းစာ နားလည်ပေးတဲ့

ဇနီးမောင်နှံတွေက ခပ်ရှားရှား ရယ်ပါ ။ နောက်ရက် ဒီလိုနဲ့ အချို့ဆိုလျှင် နိုင်ငံပိုင် ကြော်ငြာ သတင်းစာကြီးကနေပြီး တကူးတက စာမျက်နှာထဲက ဘယ်လူကြီး ၊ညာလူကြီး ၊ ဘယ်အဆိုတော် ဘယ်တီးဝိုင်း ၊ ဘယ်နာမည်ကြီး မိတ်ကပ်ပညာရှင် ၊ ဘယ် ဗွီဒီယို ၊ ဓါတ်ပုံ ဆရာ စသဖြင့်ပေါ့ဗျာ ၊ ကျုပ်တို့မင်္ဂလာပွဲ ဘယ်လောက်ခမ်းနားပါတယ် စည်ကားပါတယ် ဆိုပြီး ကြွားလုံးတွေ ထုတ်ကြရတာ အမောပါပဲ ၊ သို့ပေမယ့် ဘယ်သူကမှ မေတ္တာစေတနာနှင့် လာပြီးလုပ်ပေးတာ မရှိသလောက်မို့ အားလုံးက အခကြေးငွေနှင့် သူတို့အလုပ် သူတို့လုပ်ကြတာကိုပဲ စူပါမင်္ဂလာဆောင်မို့ ၊ စူပါတွေက လာပြီး ကူညီသယောင်ယောင် ပကာသနတွေ ဖော်ပြကြရတာ အားကျနေကြတဲ့ ခေတ်ဆိုတော့လည်း..........???

နိုင်ငံပိုင်ကြော်ငြာ သတင်းစာက သိတဲ့ကြတဲ့အတိုင်းပါပဲ မကောင်းတတ်လို့ ဖော်ပြရတဲ့ သတင်းအနည်းငယ်နှင့် အရှုံးပေါ်နေသော လုပ်ငန်းကြီးမှာ လူးမျိုးခြား လုပ်ငန်းရှင် ကြော်ငြာအများစု ၊ မင်္ဂလာဆောင် ၊ နာရေး ၊ စသည်တို့နှင့် အရှုံးကို ဖာထေးနေရတာက သူတို့ကြော်ငြာတွေ မလာမှာတောင် စိုးရိမ်နေကြတဲ့ ခေတ်မှာ
ဒီအရပ်နဲ့ ဒီဇာတ်က လိုက်ဖက်နေသလိုလို အထင်မမှားကြပါနဲ့ဗျာ ။

ဒီဓါတ်ပုံရှင် ဇနီးမောင်နှံကတော့ ထူးခြားစွာနှင့် ဘဝခရီးလမ်းမှာ အမင်္ဂလာကို မိမိတို့၏ မင်္ဂလာဦးမှာ လုပ်နိုင်ခဲမျှ မင်္ဂလာပြုသွားတဲ့ စိတ်ထားကတော့ အလွန်ပဲ ချီးကျူးထိုက်၊

လေးစားထိုက်ပါတယ် ။ သူတို့လေးတွေက လူငယ်ရွယ်ပေမယ့် ၊ စိတ်ထားလေးတွေက မသေးငယ်ပါဘူး ။ အသုဘ ပို့ဖို့ဆိုလျှင် အချို့သောလူတွေက မလိုက်ချင် မသွားချင်

ကြတာကို သူတို့၏ မင်္ဂလာဦး အလှူအဖြစ် အလောင်းထမ်းပြီး ကုသိုလ်တောင် ပြုရဲသည့် စိတ်ဓါတ်ကတော့ ထူးခြားနေတာ အမှန်ပင်ဖြစ်ပါသည် ။ မည်သည့် ပကာသန မဆို

နောက်ဆုံး၌ ဤနေရာတွင် အဆုံးသတ်ရခြင်း သံဝေဂကို ထိုဇနီးမောင်နှံ၏ မင်္ဂလာပွဲက သင်ခန်းစာပေးနေ သလိုပါပဲ ။ လူတိုင်းကတော့ လူရယ်လို့ ဖြစ်လာကြလျှင် အကောင်းဆုံး

ဆိုတာကို မက်မောတွယ်တာ လိုချင်ကြတာ ဓမ္မတာပေမယ့်လည်း ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ မြင့်မြတ်စိတ်ထားကို ဖော်ကျူးပြသနေသော ထို ဇနီးမောင်နှံ အပြုအမူနှင့် စိတ်ထားကို လေးစားဂုဏ်ယူရမည် မှာ ဧကန်ဖြစ်ပါသည် ။
_______________________________________________________

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အိမ်ထောင်ပြုခြင်း မင်္ဂလာပြုကြရာဝယ် ၊

၁ .. မင်္ဂလာဦးဆွမ်း ကပ်လှူခြင်း ၊

(သံဃာတော် တပါးကိုမျှ ကပ်လှူပူဇော်ခြင်း ဖြင့်လည်း ဒါနအကျိုးဖြင့် မင်္ဂလာယူ နိုင်ပါသည် ၊ အဘယ်ကြောင့် သံဃာကိုဆွမ်းကပ်လှူပူဇော် သနည်းဟု ဘာသာခြားများမှ မေးခွန်းထုတ်စရာရှိပါသည် ။ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လျှင် ရတနာသုံးပါးနှင့် ကင်း၍မရပါပေ ၊ အလှူဒါန ပြုကြရာဝယ် သိက္ခာ ၊ သမာဓိ၊

ပညာ ရှိသော ရဟန်းစသော ပုဂ္ဂိုလ်တို့ကို ဒါနပြုခြင်းသည် ပိုမို၍ သဒ္ဓါတရားကို အားကောင်းစေသောကြောင့် ဒါနပြုသူမှာ ၊ အခြားကုသိုလ်များမဆိုထားဘိ ၊

ခံစားရသော ပိတီအဟုန်ပင် မတူညီနိုင်ပါ ၊ ထိုပုဂ္ဂိုလ်တို့မှ ပြန်၍ ချီးမြှင့်ပေးသော တရားသော်လည်းကောင်း ၊ မိမိ မသိရသေးသော အကြောင်းအရာတခုခုကို

သိလိုက်ရ၍ ရသောအကျိုးမှာ လောက၌ ကျင်လည်ရာတွင် များစွာ အသုံးဝင်နေပေလိမ့်မည် ဖြစ်ပါသည် ။ ထိုနောက် မိမိတို့မှ တဆင့် သားသမီး ရတနာများ

ထွန်းကားကြဦးမည် ဖြစ်သည် ၊ မိမိတို့၏ သားသမီးရတနာ တို့အား ဗြဟ္မာစိုရ်တရားများ
ထားတတ်အောင် ဗုဒ္ဓဘာသာတို့၏ စစ်မှန်သောလမ်းကို လျှောက်လှမ်းနိုင်အောင်
သွန်သင်ပေးကြရန် ကြိုးစားကြရပေဦးမည် ။

ပဋိသန္ဓေတည်ကတည်းက မင်္ဂလာပြုရမည့် ဆောင်ရန် ရှောင်ရန် အချက်များစွာ ရှိပါသေးသည် ၊ အခါအခွင့်သင့်လျှင် ဖော်ပြပေးပါဦးမည် ။

၂.. နှစ်ဖက်သော မိဘများအား ပူဇော်ကန်တော့ခြင်း

၃.. ဇီဝိတဒါန (သို့) ပရဟိတ အလှူ တစ်ခုခုပြုလုပ်ခြင်း ၊

၎.. နှစ်ဖက်သော ဆွေမျိုးမိတ်သင်္ဂဟ များအား မိမိတို့ပြုသောဒါန အလှူမင်္ဂလာကို သာဓုခေါ်ဆိုနိုင်ရန် ဖိတ်ကြားခြင်း ၊

၅.. ကြွရောက်လာကြသော မိတ်ဆွေသင်္ဂဟများအား ကျွေးမွေး ဧည့်ခံခြင်း ၊၊ ဒါဟာ ချစ်ခြင်းဖြင့် မင်္ဂလာပြုကြသော သတို့သား ၊ သတို့သမီးတို့၏

ဘဝ ခရီးလမ်း စ၍လျှောက်လှမ်းချိန်တွင် ရှေးရေစက်ကြောင့် ဆုံတွေ့ချစ်ကြိုက်ပြီး နောင်သံသရာတွင် အတူတူပါရမီဖြည့်ဖက် ဖြစ်ရာဖြစ်ကြောင်းကို ရှေးဦးစွာ

ပြုလိုက်သော ဒါနကို ပီတီလွှမ်းခြုံ၍ မောင်နှံသော်လည်းကောင်း ၊ မောင်နှံ၏ကောင်းမှုကုသိုလ်ကြောင့် ကြွရောက်လာကြသော မိသင်္ဂဟ ပရိသတ်တို့၌လည်း

ဝမ်းသာပီတိ ဖြစ်ရပါသောကြောင့် မင်္ဂလာဆောင်သည်ဟု အဓိပ္ပါယ် သတ်မှတ်ခေါ်တွင်ခြင်း ဖြစ်ပါသည် ။

ထို့ကြောင့် မင်္ဂလာမှုပြုလုပ်ကြရာဝယ် ၊ ဂုဏ် ပကာသနရှိ၍ ဂုဏ်ဖော်ကြခြင်းကို အပြစ်မဆိုသာပေမယ့်လည်း ၊ မိမိတို့၌ ရှိသော ဂုဏ်ထက်ပိုမို၍ သူများထက်

သာလို၍ ပိုမိုကာ အလွန်အကျူး ဖော်ဆောင်ကြခြင်းသည် အဆင်မပြေမှုများနှင့် စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ကြုံတွေ့ရတတ်ပါသည် ။ အမှန်မှာ မိမိတို့ဘယ်လောက်

မင်္ဂလာရှိအောင် ၊ မင်္ဂလာတရားတော်နှင့် အညီပြုမူနေထိုင်ပြီး ၊ မိမိတို့မင်္ဂလာဆောင်မှု ပြုကြခြင်းသည် မိမိတို့သော်လည်းကောင်း အခြားသော မိမိတို့နှင့်သက်ဆိုင်

သော ၊ သိကျွမ်းသော ၊ မသိကျွမ်းသော သူများက မိမိတို့၏ မင်္ဂလာဆောင်မှုကို တွေ့မြင်၍ မုဒိတာပွားများပြီးလျှင် ပီတိဖြစ်၍ သာဓုခေါ်ဆိုပြီး မင်္ဂလာယူခံရခြင်းသည်သာ အကျိုးရှိဆုံးဖြစ်ပါပေလိမ့်မည် ဟု တင်ပြရင်း ဗုဒ္ဓဘာသာ ပီပီသသ နေထိုင်ကျင့်ကြံ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ ။

ဦးယဉ်ကျေး ။ ။ ၂၂ . ၁၁ . ၂၀၁၂ ။

ဓါတ်ပုံ အပြည့်အစုံကြည့်လိုလျှင်

http://satekuupuyar.blogspot.com/2012/02/blog-post_7133.html ဒီမှာကြည့်ပါ ။

0 comments:

Post a Comment