Pages

Thursday, November 15, 2012

မန္တလေးအိုးဘို အကျဉ်းထောင်မှ (၂၆)ဦးလွတ်မြောက်




  နိုင်ငံတော်သမ္မတရုံးမှ အမိန့်
ကြော်ငြာစာအမှတ် ၁၂၇(၁)/၈ အရ
အကျဉ်းသားများအား လွတ်ငြိမ်း ချမ်း
သာခွင့်ပြုရာ၌ ယနေ့ နိုဝင်ဘာလ

(၁၅)ရက်နေ့တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ (၂၆)ဦး လွတ်မြောက်ခဲ့ သည်။

 အဆိုပါ (၂၆) ဦးတွင် တပ်မတော်အက်ဥပေဒဖြင့် အပြစ်ကျခံနေရသူ (၁၇)ဦး ၊ တရုတ်နိုင်ငံသား (၂)ဦး ၊ HIV ဝေဒနာသည် ကျား(၅)ဦး မ(၁)ဦးနှင့် အသက်(၇၂)အရွယ်ရှိ သက်ကြီးအမျိုးသမီးတစ်ဦးတို့ လွတ်မြောက်လာခဲ့ ကြသည်။

 ယခုအကြိမ်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်ခြင်း မရှိသည့်အတွက် ယခင်လွှတ် ပေးစဉ်ကကဲ့သို့ လူမှုကူညီရေးအသင်းများလာရောက်မှု မရှိကြောင်းကိုလည်း သိရသည်။

 `` ဝေဒနာသည် တွေပါတယ် ၊ သူတို့ကိုလာကြိုတဲ့ မိသားစုဝင်တွေနဲ့ပဲ ပြန်သွားကြတာတွေ့ရတယ် ၊ ခါတိုင်းလို ကူညီရေးအဖွဲ့တွေ လာတာမရှိဘူး ´´ ဟု အိုးဘိုထောင်ရှေ့သို့ရောက်နေသော ကိုစည်သူ က ပြောသည်။

  နိုင်ငံတော်သမ္မတ၏ အမိန့်ထုတ်ပြန်ချက်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးသည်မှာ ယခုအကြိမ် မှာ သုံးကြိမ်မြောက်ဖြစ်ပြီး ယခုနောက်ဆုံးလွှတ်ပေးမှုတွင် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် (၄၅၂)ဦးရှိ ကြောင်း သိရသည်။


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်
 အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက်အရွယ်ကြီးရင့်
သူများ၊ ကျန်းမာရေးချို့တဲ့ သူများနှင့် နိုင်ငံခြားသားအကျဉ်း သားများအပါအဝင်
စုစုပေါင်းအကျဉ်းသား (၄၅၂)ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၄ဝ၁(၁)
 အရ နိုင်ငံတော်သမ္မတမှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ(၁၅) ရက်မှစ၍  အကျဉ်းထောင်
အသီးသီးတွင် ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသားများအား ပြစ်ဒဏ်မှ
လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ နိုင်ငံခြားသားများအား ပြည်နင်ဒဏ်ပေးမည်
 ဖြစ်ကြောင်း သိရှိရသည်။


နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၌ တစ်ဖက်တစ်လမ်းမှအထောက်
အပံ့ဖြစ်စေမည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်နှင့်
နိုင်ငံတော်တည်ငြိမ်ရေးနင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး လမ်းစဉ်နှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်၏
 မေတ္တာနှင့် စေတနာကို နားလည်၍ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ၌
တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့လည်းကောင်း၊

လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊
 နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေး
ရှုသော အားဖြင့်လည်းကောင်း ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 မင်းမင်းလတ်-မန္တလေး
မြစ်မခမီဒီယာ






ယနေ့ (နိုဝင်ဘာလ ၁၅ ) မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်းများ

0 comments:

Post a Comment