Friday, 23 November 2012
အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုတွင် အင်တာနက် အခမဲ့ အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာလ အတွင်း
စတင် ဖွင့်လှစ်သွားမည့်
အဆင့်မြင့် နည်းပညာ တက္ကသိုလ် ၂ ခုတွင် အင်တာနက် အခမဲ့ အသုံးပြုခွင့်
ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ၊ တက်ရောက် သင်ကြားမည့်
ကျောင်းသားများ အတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ ၊
ဆရာမများ အပြင် လက်တွေ့ စမ်းသပ်ခန်းများ စီစဉ် ထားကြောင်း သိရသည်။
တက္ကသိုလ် ၀င်တန်းရမှတ် ၄၅၀ အနည်ဆုံး သတ်မှတ် ၀င်ခွင့်ခေါ် ဆိုခဲ့ခြင်း နှင့် ယင်းတက္ကသိုလ် ၂ ခုတွင် တက်ရောက်မည့် ကျောင်းသား ဦးရေ ၅၀၀ ခန့်သာ ရှိခြင်းကြောင့် ၀န်ဆောင်မှု ကောင်းများ ပေးအပ် သင်ကြားမည် ဖြစ်ပြီး နိုင်ငံခြားမှ ပါမောက္ခ များကိုပါ ခေါ်ယူခန့်အပ်ရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ် ၀င်တန်း စိစစ်ရွေးချယ်မှု ရမှတ်များသတ်မှတ်ရာတွင်
ရန်ကုန် အဆင့်မြင့် နည်းပညာ တက္ကသိုလ်မှ ရမှတ် ကျား ၅၀၀ ၊ မ ၅၀၄ မှတ် ၊ မန္တလေး မှ ကျား ၄၈၅ ၊ မ ၄၉၇ မှတ်ဖြင့် စိစစ် သတ်မှတ် ခဲ့ကြောင်း သိရှိရသည်။
The Myawady Daily

0 comments:
Post a Comment