Pages

Friday, November 16, 2012

အိုဘာမား ခရီးစဉ် အသော့နှင်ခြင်းလော


Friday, 16 November 2012 

အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အပြောင်းနိုင်ငံများသို့ အမေရိကန်တို့ ပြန်လည် ထိတွေ့ရှိသော အလေ့အထ ပုံစံအရဆိုလျှင် အိုဘားမား၏ မြန်မာသို့ ခြေလှမ်းသည် အသော့နှင်သည်ဟုဆိုကြသည်။

သမိုင်းစဉ်အရ ယင်းသို့သော အာဏာရှင်နိုင်ငံများ တံခါး စအဖွင့်တွင် အတန်ငယ် မာထန်သော နိုင်ငံခြားရေးမူဝါဒ ဖြင
့် အစပျိုးသည်။ ယင်းနောက် ဆက်ဆံရေး အဖွင့်တီးလုံးစသည်။ နောက်ဆုံးတွင် မိတ်ဖက် ဖြစ်လာတော့သည်။

ကနဦး အချက်ပြမှုမှာ နိုင်ငံခြားရေးဝန်ကြီး ယင်းနိုင်ငံသို့ သွားရောက်ခြင်းပင်ဖြစ်သည်။

သို့ဆိုလျှက် အဘယ်ကြောင့် အသော့နှင်သည်ဟုဆို နိုင်သနည်း။
ဆောင်းပါးရှင် Max Fisher က The Washington Post သတင်းစာတွင် အောက်ပါ ဖြစ်ရပ် သုံးခုသုံးခုနှင့် ယှဉ်ထိုးကာ သွက်သွက်မြန်မြန် နှင်ကြောင်း သုံးသပ်သည်။

တောင်အာဖရိက စအဖွင့် လပိုင်းအကြာ နိုင်ငံခြားရေးဝန်ကြီးရောက်လာသည်။ ရှစ်နှစ်အကြာမှ သမ္မတ ခြေလှမ်းသည်။ ဆားဗီးယား စအဖွင့်အတွင် နိုင်ငံခြားရေးဝန်ကြီး အရောက်ပို့ရန် ၁၀ နှစ်ကြာသည်။ သမ္မတ လာရန်ကား ၁၂ နှစ်အကြာသည်။ လစ်ဗျားတွင် နိုင်ငံခြားရေး ၀န်ကြီးရောက်ရန် ၅ နှစ်ကြာသည်။ သမ္မတကား ၉ နှစ် အကြာမှ ရောက်ရှိလာသည်။

မြန်မာတွင်ကား တံခါးဖွင့်ပြီး ၈ လအကြာ နိုင်ငံခြားရေး ၀န်ကြီးရောက်လာသည်။ လ ၂၀ အကြာတွင် သမ္မတ ရောက်လာတော့မည်။

“ဒါဟာ စစ်အေးခေတ်လွန်ကာလ ပြန်လည်သင့်မြတ်မှုအတွက်
အမြန်ဆုံးဆုံးနဲ့ လက်တွေ့ အကျဆုံး မှတ်တမ်း တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်” Max Fisher က ဆိုလေသည်။
The Voice

0 comments:

Post a Comment