Monday, 26 November 2012
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ တရားရုံး
များအား လေ့လာချက်များအရ လာဘ်ပေး၊လာဘ်ယူကိစ္စရပ်များနှင့် တရားစီရင်ရေးကဏ္ဍများ၌ အုပ်ချုပ်ရေးမှူးများမှ
ဝ
င်ရောက်စွက်ဖက်ခြင်း
များကို ပြည်သူများနှင့်တကွ လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း
ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ အစီရင်ခံစာ တစ်စောင်တင်ခဲ့သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ သိရသည်။
“ကျွန်တော်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်
မတီရဲ့ ကိုယ်စားတရားရုံးတွေကိုလေ့လာတွေ့ရှိချက်အရ ဒေါ်အောင်ဆန်း
စုကြည်ကလည်း ပြင်ဆင်ထောက်ပြပေးခဲ့တာဆိုတော့ အဲ့ဒါကို လွှတ်တော် ဥက္ကဌဆီ အစီရင်ခံစာ တင်တာပါ” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများအား
လေ့လာတွေ့ရှိချက်များအရ လာဘ်ပေး လာဘ်ယူမှုများ ရှိနေခြင်း ၊ တရားစီရင်ရေးအပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပါဝင်ပတ်သက်
နေခြင်း၊ အမှုစစ် ကြန့်ကြာနေခြင်းများ ရှိနေခြင်းကို အမြန်ဆုံးအရေးယူ
ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း တင်ပြခဲ့သည် ဟု ၄င်းက ဆက်ပြောသည်။
“အခုလို လာဘ်ပေးလာဘ်ယူ လုပ်နေတာကို ပပျောက်ဖို့ပေးတဲ့သူရော ယူတဲ့သူပါ၊ အရေးယူဖို့ နောက် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့လည်း ဖွဲ့ဖို့၊ ရှေ့နေ ၊ တရားသူကြီး ၊ မှုခင်းဆရာဝန် ၊ ရဲ ၊ သက်သေ ဘာပဲဖြစ်ဖြစ် မမှန်မကန်လုပ်တာကို လေ့လာစောင့် ကြည့်ရေးအဖွဲ့က တွေ့ရင် သူတို့ကို အရေးယူရမယ့်ကိစ္စတွေ တင်ပြထားပါတယ်”ဟု အတွင်းရေးမှူး ဦးဝင်းမြင့်
က ပြောသည်။
နေပြည်တော်တွင်လည်း လယ်မြေကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းများ
ရှိပြီး လာဘ်ပေးလာဘ်ယူခြင်းများရှိနေခြင်းကြောင့် လေ့လာစောင့်ကြည့်ရေး
အဖွဲ့ ဖွဲ့သည့်နေရာ၌ မှန်ကန်စွာ စီစစ်ရွေးချယ်နိုင်ရန် အရေးကြီးကြောင်း
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
“နေပြည်တော်မှာဆိုရင် မကြာမကြာကြားနေရတယ်၊ အုပ်ချုပ်ရေးမှူး
ပိုင်းက ၀င်စွက်ဖက်ပြီး လယ်မြေသိမ်း ၊ အိမ်တွေ ဖျက်ခိုင်းတာတွေ မတရားသဖြင့် တရားစွဲတာတွေ ဖြစ်နေတယ် ကျွန်တော့်ရှေ့မှောက်မှာပါပဲ အဲ့တော့လေ့လာစောင့် ကြည့်ရေးဖွဲ့ဖို့ကလည်း တရားဥပဒစိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေး ကော်မတီကနေသေချာရွေးချယ်ဖို့လိုအပ်တယ်” ဟု ဒီချုပ်ပါတီကိုယ်စားလှယ် ဦမင်းသူက ပြောသည်။
မြန်မာနိုင်ငံတွက် လာဘ်ပေးလာဘ်ယူကိစ္စများ ပပျောက်ပြီး တရားဥပဒေ
စိုးမိုးလာနိုင်စေရေးအတွက် ပြည်နယ်နှင့်တိုင်းများသို့ ပညာပေးဆွေးနွေးခြင်း
များ ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးမှုများ ၊ ရှေ့နေများ ၊ ဥပဒေ၀န်ထမ်းများ ၊ တရားသူကြီးများ ၊ တရားသူကြီး(အငြိမ်းစား)များနှင့်
တွေ့ဆုံ၍အကြံဥာဏ်ရယူမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။
Myit Makha Mediagroup

0 comments:
Post a Comment