မြန်မာနိုင်ငံရှိ အမျိုးသမီးများ
အား အကြမ်းဖက်မှုပပျောက်စေ
ရန် ရည်ရွယ်၍ နိုဝင်ဘာ ၂၅ တွင်
ကျရောက်သော အပြည်ပြည်ဆိုင်
ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ဒေါက်တာ ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍ အသိပညာပေးသည့် ဆန္ဒထုတ်ဖော်ပွဲ ကို ပြုလုပ်မည်ဖြစ်သည်။
အမျိုးသမီးများအား အကြမ်းဖက်မှုသည် ရန်ကုန်မြို့တွင်းမြို့ပြင်များတွင် အများ
ဆုံးဖြစ်လာကြောင်း၊ မိန်းကလေးတစ်ယောက်၏စိတ်ကို ထိခိုက်နာကျင်စေမှုသည် အကြမ်းဖက်မှုတွင်ပါဝင်ကြောင်း၊ မိန်းကလေး များအား ကားများ၊ ရထားများစသည့်နေရာတို့တွင် တို့ခြင်း၊ ထိခြင်းနှင့် အရှက်သိက္ခာထိပါးစေသော အပြုအမူ၊ အပြောအဆိုများသည် အကြမ်းဖက်မှုမြောက်ကြောင်းတို့ကို ဒေါက်တာဒေါ်ညိုညိုသင်းက မြန်မာသံတော်ဆင့် သို့ပြောသည်။
ဆန္ဒထုတ်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ““ဒီလိုအကြမ်းဖက်မှုတွေကို အပြည်ပြည်ဆိုင်ရာက ဆန့်ကျင်ပါတယ်။ ၁၉၉၇ ခုနှစ်တည်းက သဘောတူစာချုပ်မှာ ဒီနေ့အတွက် လက်မှတ်ထိုးထားပေမယ့် ဒီဆန္ဒထုတ်ဖော်ပြီး အသိပေးတာ ဒါပထမဆုံးအကြိမ်ပါပဲ။ မိန်းကလေးတွေကို ပြောတာတွေ၊ ပြုမူတာတွေထဲက တချို့ကိစ္စတွေဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူမှုအားနည်းတာတွေ့ရတယ်””ဟူ၍ ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆန္ဒထုတ်ဖော်ခွင့်ကို မင်္ဂလာတောင်ညွန့်ရဲစခန်း၌ နိုဝင်ဘာ ၈ ရက်ကစာတင်ခဲ့ပြီး ခွင့်ပြုမိန့်ကျပြီဖြစ်သဖြင့် နိုဝင်ဘာ ၂၅ ရက် သတ်မှတ်ချိန် မနက် ၆း၃၀ မှ၊ ၉း၃၀ အထိ
သုံးနာရီရရှိကြောင်း၊ အမျိုးသမီးများအား တန်ဖိုးထား လေးစားစေလိုကြောင်း
စသည်ဖြင့်ပါဝင်သော ဆိုင်းဘုတ် ၁၁ ခုကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဆူးလေ(မဟာဗန္ဓုလပန်းခြံ)မှ ကန်တော်လေးတစ်လျှောက်၊
ထိုမှတစ်ဆင့် မင်္ဂလာတောင်ညွန့်ထိလမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်းတို့ကို သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။
မြန်မာသံတော်ဆင့် သတင်းစာ

0 comments:
Post a Comment