Pages

Wednesday, November 21, 2012

ဆောက်လုပ်ရေးကဏ္ဍတွင် ကိုရီးယား လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်မည်



Thursday, November 22, 2012

မြန်မာ့ဆောက်လုပ်ရေး ကဏ္ဍတွင် ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

ယင်းအတွက် Shinhan Engineering & Construction Company Limited ဥက္ကဋ္ဌ Mr Kim Chum Hwam ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာလ ၂ဝ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နှင့်နေပြည်တေ
ာ်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် Shinhan ကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်း၊ ဗိသုကာလုပ်ငန်း၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများတွင် အတွေ့အကြုံများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။

ထိုကုမ္ပဏီမှာ နိုင်ငံများစွာတွင် လုပ်ငန်းစီမံကိန်းများစွာကို အကောင်
အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင့် ၎
နေရာတွင် ရှိပြီး စုစုပေါင်းကုမ္ပဏီ ၄၉ ခုမှ အမေရိကန်ဒေါ်လာ ၂၄၁.၂၈၉ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံက ကိုရီးယားနိင်ငံမှ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ၊ သံ၊ စတီးပစ္စည်းများနှင့် ပလတ်စတစ် ကုန်ကြမ်းများကို အဓိကတင်သွင်းလျက်
ရှိပြီး ကိုရီးယားနိုင်ငံအနေဖြင့် အဝတ်အထည်၊ ပဲ၊ ရေထွက်ကုန်ပစ္စည်းများ၊

ကျောက်မျက်-ကျောက်စိမ်းနှင့် သစ်စသည့် ပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိက တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

မဇ္ဈိမ

0 comments:

Post a Comment