Pages

Wednesday, November 21, 2012

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ် နေ့ချင်းပြန်သွားလာမှု တင်းကြပ်လိုက်ပြီ


Thursday, November 22, 2012

မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ၀န်ထမ်း ၃ ဦးကို ဘင်္ဂလားဒေ့ရှ်
နိုင်ငံ အခြေစိုက် အာရကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီးထားတယ်လို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့

ဘင်္ဂလားဒေရှ့်နိုင်ငံ တက္ကနက်တို့အကြား နေ့ချင်းပြန်သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး မြန်မာဘက်က အကန့်အသတ်မရှိ ပိတ်ဆို့လိုက်တာပါ။

စစ်အင်ဂျင်နီယာတပ်က ဝန်ထမ်းသုံးဦး ပြန်လည်လွတ်မြောက်ရေးကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ် (BGB)ကထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မပေးဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုးက ဒီကနေ့ ပြစ်တင်ပြောကြား လိုက်ပါတယ်။

မောင်တောနဲ့ဘင်္ဂလားဒေရှ့်ကြား လူဝင်လူထွက်ပိတ်လိုက်ပေမယ့် ကုန်သွယ်ရေးကိုတော့ ဆက်လက် ခွင့်ပြုထားပါတယ်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသား သုံးဦးလွတ်မြာက်ဖို့အတွက် မြန်မာနယ်ခြားစောင့်
တပ်နဲ့ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်တွေအကြား ကျင်းပတဲ့
နှစ်နိုင်ငံ အလံတင်အစည်းအဝေးတွေမှာ နှစ်ကြိမ်တိုင် ဆွေးနွေးပြီးဖြစ်ပေ
မယ့် ယနေ့အချိန်ထိ တိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေ ရလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးမှာ ပျောက်ဆုံးသွားတဲ့ အစိုးရ ဂျီအီးတပ်
ဆောက်လုပ်ရေးဝန်ထမ်း သုံးဦးဟာ ယနေ့အချိန်ထိ အသက်ရှင်ဆဲ
ဖြစ်တယ်လို့ မြန်မာအစိုးရ နယ်ခြားတာဝန်ရှိသူတွေက ပြောပါတယ်။

RFA Burmese

0 comments:

Post a Comment