Pages

Sunday, November 25, 2012

အဌမအကြိမ်မြောက် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲကျင်းပတော့မည်



Monday, 26 November 2012

အဌမအကြိမ်မြောက် တိပိဋက ရွတ်ဖတ်ပူဇော်ပွဲကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။

ဘင်္ဂလာဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ လော၊ မြန်မာ၊ နီပေါလ်၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘိက္ခူ ၁၂၀၀ တို့က ရွတ်ဖတ်ပူဇော်ကြ
မည်ဖြစ်သည်။ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသည့် ဆရာတော်
ကြီးများ နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များလည်း အဆိုပါ ရွတ်ဖတ်ပူဇော်
ပွဲသို့တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။ပွဲတော်ရက်များအတွင်းဝယ်
မဟာဗောဓိပင်ရင်း၌ ညစဉ်ညတိုင်း တရားပွဲရှိပြီး၊ ၀ိပဿနာ ကမ္မဌာန်း
စီးဖြန်းခြင်းကိုလည်း ၀ါရင့်ကမ္မဌာနစိယများ၏ လမ်းညွှန်မှုဖြင့် ပြုလုပ်မည်
ဖြစ်သည်။

ပါဝင်ရွတ်ဖတ်ပူဇော်ကြသူများအား အိန္ဒိယအစိုးရက တိပိဋကကျမ်းစာများ တစ်စုံစီပေးအပ်ပူဇော်မည်ဖြစ်ပြီး နောက်ဆုံးနေ့တွင်မူဖယောင်းတိုင်များ
ထွန်းညှိပူဇော်ခြင်းဖြင့် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ရုတ်သိမ်းမည်ဖြစ်
ကြောင်းသိရသည်။

ပူးပေါင်းပါဝင်ကူညီသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တိပိဋက ရွတ်ဖတ်ပူဇော်ရေးကောင်စီ အင်တာနက်စာမျက်နှာရှိ စာရင်းသွင်း
ပုံစံကိုဖြည့်စွက်ကာ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

စာရင်းသွင်းပုံစံ -

http://www.tipitakachantingcouncil.org/volunteer-registration

http://tipitakachantingcouncil.org/en/chanting-ceremony/registration

PN-002

Popular Myanmar News Journal
13

0 comments:

Post a Comment